အခန်း(၆၉)

6.4K 1.3K 110
                                    

Unicode

ဒီစကားကိုကြားတော့ ချောင်စုန့်မင်က အနည်းငယ်စိတ်သက်သာရာရသွားပုံရတယ်၊ ချောင်ရှောင်၏အပြောင်းအလဲတွေကို သူက တခြားလူ‌တွေထက် ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရတယ်လေ။

" ဟုတ်တယ်၊ အခုဆို သူ့မှာစားချင်စိတ်သောက်ချင်စိတ်က အများကြီးပိုကောင်းလာတယ်၊ နောက်ပြီးကောင်းကောင်းလည်းအိပ်လာတယ် "

ချောင်စုန့်မင်က သူ့သားအကြောင်းပြောသည့်အခါမှသာ ပူဆွေးဝမ်းနည်းခြင်းဝေဒနာကိုခက်ခက်ခဲခဲချုပ်တည်းထားနိုင်ခဲ့တယ်။

ကျောင်းကွမ်ထင်က စိတ်ရှည်ရှည်ဖြင့်နားထောင်ပေးနေလို့၊ ချောင်စုန့်မင်ပြောသမျှက ချောင်ရှောင်ပြောသွားသည့်အချက်တွေနှင့်တူညီသလောက်နီးပါးရှိနေသော်လည်း ပထမဆုံးအကြိမ်ကြားရသလို သူကနားထောင်ပေးနေဆဲပင်။

ဒါက ချောင်စုန့်မင်အတွက်တော့ ကြီးမားတဲ့နှစ်သိမ့်မှုတစ်ခုဖြစ်ခဲ့တယ်၊ သူ့သားဖြစ်သူ၏ပြန်လည်နာလန်ထူနိုင်ခြင်းက သူ့စိတ်ကိုကု‌သပေးရန် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်နေခဲ့ပါတယ်။

ချောင်စုန့်မင်က သူ့ဇာတ်ကြောင်းပြောပြနေတုန်းတန်းလန်းမှာ ခဏတန့်သွားတယ်။

ကျောင်းကွမ်ထင်က သူတွေးနေသောအရာကို အမှန်အကန်ဆုပ်ကိုင်လာချေ၏၊
" သူ့သူငယ်ချင်းအသစ်တွေကို ခင်ဗျားတွေ့ချင်နေတာမလား "

ချောင်စုန့်မင်က သက်ပြင်းချလိုက်ကာ၊
" သူ့ပတ်ဝန်းကျင်အသစ်ကို ကျွန်တော်ဝင်စွက်ဖက်မှာမဟုတ်ပါဘူး "

ဒီချစ်စရာကောင်းတဲ့ဆယ်ကျော်သက်လေးတွေကို သူတကယ်ပဲတွေ့ချင်မိတယ်၊ သူတို့ကိုစိတ်ရင်းမှန်ဖြင့်ကျေးဇူးတင်ချင်ပြီး သူ့သားအခြေအနေကိုတိုးတက်ကောင်းမွန်လာစေခဲ့သည့်ပတ်ဝန်းကျင်ကို သူအနီးကပ်ကြည့်ချင်မိတယ်... ဒါပေမဲ့ သူပေါ်ထွက်လာသည်နှင့် ထိုပတ်ဝန်းကျင်အသစ်က ပြိုကျသွားမယ်ဆိုတာကို ချောင်စုန့်မင်သိနေတယ်၊ ချောင်ရှောင်လည်း အထီးကျန်နေသောဖြစ်တည်မှုတစ်ခု တစ်ဖန်ဖြစ်လာပြန်လိမ့်မယ်။

သူ့သူငယ်ချင်းတွေက ရည်ရွယ်ချက်ရှိရှိမလုပ်ရင်တောင်မှ သူတို့မိသားစုများကြားအလွန်ကြီးမားတဲ့ကွာဟချက်ကြီးနှင့် ချောင်ရှောင်၏ဝမ်းနည်းကြေကွဲဖွယ်အတွေ့အကြုံကြောင့် သူတို့က သူတို့ကြားတွင်နက်ရှိုင်းသောစည်းတစ်ကြောင်းခြားထားဦးမှာပါပဲ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now