အခန်း(၁၈)

7.9K 1.5K 87
                                    

Unicode

အကယ်၍ မနက်စာမှအမှိုက်အကျန်တွေသာ အမှိုက်ပုံးထဲ ရောက်မသွားရင် ချောင်ရှောင်ကတော့အဲ့ဒါတွေနဲ့ ဟော့ရှန်ရဲ့မျက်နှာကို ပစ်ပေါက်လိုက်ချင်တော့တယ်။

မင်းကိုယ်မင်းဆင်းရဲတယ်လို့ တွေးနေသေးတယ်?

ဘယ်လိုဆင်းရဲတဲ့ကလေးက လူ့လောကကြီးကိုတောင် မမြင်ဖူးသေးတဲ့အချိန် ဒီလိုများပြားတဲ့မနက်စာမျိုးစုံကို ဝယ်လာမှာတုန်းလို့!

ပြီးတော့ ပထမရတာကရော?

အကယ်၍ ဟော့ရှန်သာ ပထမနေရာရနိုင်မယ်ဆိုရင် သူ ဟော့ရှန်ကစားဖို့အတွက် သူ့ခေါင်းကိုတောင် ပေးလိုက်ဦးမယ်!

သေချာပေါက် ပထမနေရာပဲဖြစ်ရမှာပေါ့၊ နောက်ဆုံးကရေတဲ့ ပထမနေရာ‌မဟုတ်ဘူးလေ!

ချောင်ရှောင်ရဲ့မျက်နှာပေါ်ဝယ် 'ငါ မင်းကိုအရှုံးပေးမှာမဟုတ်ဘူး' ဆိုသည့်အမူအရာနှင့် သူပြောလိုက်တယ်၊
" မင်း အိပ်လို့မပျော်သေးဘူး၊ အိမ်မက်တောင် မက်နေပြီလား "

ဟော့ရှန်ဟာ ကူကယ်ရာမဲ့စွာဖြင့် ပြောလေတယ်၊
" မင်း ဘာလို့ငါ့ကို မယုံရတာတုန်း "

" ငါ မင်းကိုယုံပါတယ် "
‌ချောင်ရှောင်ဟာ သူ့ဘာသာသူပြောလိုက်တယ်: မင်းက လူလိမ်အကြီးစားဆိုတာ ငါယုံတယ်!

ဟော့ရှန်ဟာ သူတို့ကြား အကွာအဝေးနီးနီးလေးသာ ရှိသည်အထိ ကိုင်းလိုက်ပြီး၊
" မင်းမျက်လုံးတွေကတော့ မင်း ငါ့ကိုမယုံဘူးလို့ ရှင်းရှင်းလင်းလင်းပြောနေတယ်နော် "

ချောင်ရှောင်ဟာ သူ့လက်ကို ဟော့ရှန်မျက်နှာပေါ်ထားလျက် သူ့ကိုအဝေးကိုတွန်းလွှတ်လေ၏၊
" မင်းအမြင်မှားတာ "

ဟော့ရှန်က သူ့ခေါင်းကိုစောင်းလိုက်တယ်၊ သူ့မျက်လုံးတွေဟာ သူ့လက်ချောင်းတွေမှ ချောင်းကြည့်လျက်၊
" အခု ဒါက မင်း ငါ့ကိုမကြိုက်ဘူးလို့ ပြောနေတာလေ "

ချောင်ရှောင်က သူ့ကိုစိုက်ကြည့်ကာ: မဆိုးပါဘူး၊ အနည်းဆုံးတော့ မင်းက မျက်နှာထားတွေကို မှန်မှန်ကန်ကန်ဖတ်နိုင်သေးတာပဲ!

ထိုအချိန်မှာပဲ ဟော့ရှန်ဟာ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားပုံပေါ်ကာ ချောင်ရှောင်ရဲ့လက်ကို ဖမ်းဆုပ်လိုက်လေရဲ့၊
" မင်းရဲ့လက်လေးတွေတောင်မှ အတော်သေးတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်တာတုန်း... "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now