အခန်း(၁၀)

9K 1.7K 104
                                    

Unicode

ချောင်ရှောင် အသိပြန်ဝင်လာတော့ သူ ဟော့ရှန်ကိုကြည့်လိုက်တယ်၊
" မင်း အခုလေးတင်ဘာပြောလိုက်တာလဲ "

ဟော့ရှန်က ပလတ်စတစ်အိတ်ထဲက စားစရာကို မမြင်သေးဘူး၊
" ငါ ဗိုက်ဆာတယ် "

ချောင်ရှောင်ဟာ မျက်လုံးလှန်လိုက်ပြီး၊
" အရှေ့က စာကြောင်း "

ဟော့ရှန်က သူဘယ်စာကြောင်းကိုဆိုလိုတယ်ဆိုတာ‌သိတော့ မေးလိုက်တယ်၊
" ဘာလဲ၊ မင်းက လော့ရှောင်းကိုကြိုက်လို့လား "

" ဟုတ်မလား! "
ချောင်ရှောင်က စိတ်ဆိုးမာန်ဆိုးရှင်းပြလေရဲ့ ။

ဟော့ရှန် : " အဲ့မှာ မင်းပြောလိုက်ပြီပဲ၊ ယွီယွမ်ရှီးက မင်း လော့ရှောင်းကိုကြိုက်တာလား၊ ဟော့ရှန်ကိုကြိုက်တာလားဆိုပြီး မေးတယ်လေ၊ အဲ့တော့ ဖယ်ထုတ်ခြင်းနည်းအရ မင်းလော့ရှောင်းကိုမကြိုက်ဘူးဆိုရင် အဖြေက ဟော့ရှန်ပဲဖြစ်မှာလေ "

သူပြောနေပုံက သူကဟော့ရှန်မဟုတ်သလိုပဲ။

ချောင်ရှောင်မှာ အလွန်ဒေါသထွက်တာ သူကိုင်ထားတဲ့တူနဲ့ သူ့ကိုထိုးပစ်ချင်လောက်အောင်ပဲ၊
" အဓိပ္ပာယ်မရှိတာ‌တွေပြောနေတာ ရပ်တော့ "

ဟော့ရှန်ရဲ့ စိတ်မှာ ပိုပြီးရွှင်ပြလာတယ်၊
" အဲ့တော့ ဒီမေးခွန်းကို ဘယ်လိုဖြေရှင်းမလဲ "

ချောင်ရှောင်က အေးစက်စက်ပြောလေရဲ့ ၊
" တစ်ယောက်မှ မကြိုက်ဘူး "

" အိုး... "
ချက်ချင်းပဲ ဟော့ရှန်က ခေါင်းစဉ်ကိုဆက်ပြော‌လေတယ်၊
" ဒီတော့ မင်းက ဘယ်သူ့ကိုကြိုက်တာလဲ "

ဒီနေရာမှာ ချောင်ရှောင်ဟာ 'ကြိုက်တယ်' ဆိုတဲ့စကားလုံးကို အတည်မယူလိုက်ဘူး၊ ယွီယွမ်ရှီးဆိုလိုတဲ့ 'ကြိုက်တယ်' ဆိုတာက ဘယ်လိုမျိုးလဲဆိုတာ မတွေးမိဘူး၊ ဖြူစင်ရိုးသားတဲ့သခင်လေးချောင်ဟာ ရိုးရိုးလေးပဲ သူငယ်ချင်းတွေ အတန်းဖော်တွေနဲ့ ညီအစ်ကိုတွေကြားက 'ကြိုက်တယ်' လို့ပဲ တွေးလိုက်တော့တယ်။

__တိုတိုပြောရရင်တော့ သူ ဘယ်သူနဲ့ကစားရတာအကြိုက်ဆုံးလဲပေါ့။

ချောင်ရှောင်က ဘယ်သူနဲ့ကစားချင်တာပါလိမ့်။

သေချာတာပေါ့၊ ထိုလူက ဖြစ်မယ်ဆိုရင်...

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now