အခန်း(၇၆)

5.8K 1.3K 51
                                    

Unicode

အဲဒီ့လိုခံစားနေရချိန်မှာပဲ စာမေးပွဲမေးခွန်းလွှာတွေကို ဝေပေးလာတယ်။

ချောင်ရှောင် နောက်ဆုံးစာမျက်နှာဆီ အရင်လှန်ကာ စာစီစာကုံး‌ခေါင်းစဉ်ကိုသွားကြည့်လိုက်တယ်၊ ၎င်းကိုဖတ်လိုက်ပြီးနောက် သူ့နှလုံးသားမှာဆွဲညှစ်လိုက်ခံသည့်အလား။

—— မေမေ့ထံသို့ပေးစာ။

စာစီစာကုံးတစ်ပုဒ်အတွက် ဒါက အရိုးရှင်းဆုံးခေါင်းစဉ်များထဲမှတစ်ခုဆိုတာ သံသယဖြစ်ဖွယ်ရာမရှိ ; မကြာခဏ ရေးလေ့ရှိကြသည့် တစ်ပုဒ်ပါပဲ။

ဒီလိုမေးခွန်းမျိုးအတွက် အမှတ်များများရရန် ခက်ခဲပါတယ်၊ ရေးရလွယ်ကူသည့်ခေါင်းစဉ်တစ်ခုဖြစ်သော်လည်း ပထမတန်းစားတစ်ပုဒ်အနေဖြင့် ထွက်လာရန်က ခက်တယ်၊ သာမန်ကျောင်းသားများအဖို့ ဒီလိုခေါင်းစဉ်မျိုးအတွက် အနည်းဆုံးစာလုံးရေ (၈၀၀) ထက်မနည်း ရှည်လျားထွေပြားသည့်စာစီစာကုံးတစ်ပုဒ်ကို ရေးနိုင်ကြတယ်၊ စာတမ်းတစ်ခုရေးသလိုလည်း ဦးနှောက်ခြောက်အောင်စဉ်းစားနေစရာမလိုအပ်ပေ။

တရုတ်စာစာမေးပွဲမှာ စာစီစာကုံးခေါင်းစဉ်ကိုဦးစွာကြည့်ခြင်းက ထုံးစံဖြစ်လို့နေပြီ၊ နောက်ဆုံးစာမေးပွဲခန်းမှကျောင်းသားတွေတောင် မြေကြီးပေါ်တွင် ‌မမျှော်လင့်ဘဲ ရတနာ‌‌တွေတွေ့လိုက်ရသည့်နှယ် အလွန်ပျော်ရွှင်နေကြတယ်။

ချောင်ရှောင် ကလွဲလို့ ...

ထိုခေါင်းစဉ်ကို သူ စူးစူးစိုက်စိုက် ကြည့်နေမိတယ်၊ သူ့ခြေတွေလက်တွေကို ခဲ(သတ္တု)တွေနှင့်ဖြည့်ထားသည့်အလား သူ့ဘောပင်ကိုတောင် မကိုင်နိုင်တော့ချေ။

ကျွန်ုပ်၏အမေထံသို့ပေးစာ ...

အမေ့ထံသို့ပေးစာ ...

အမေ......

ချောင်ရှောင်၏နှာသီးဖျားမှအချဉ်ဓာတ်က သူ့မျက်လုံးများဆီထိုးတက်သွားလေတယ်၊ စာမေးပွဲမေးခွန်းလွှာကို သူအမြန်လှန်ပစ်လိုက်ကာ စာစီစာကုံးအပိုင်းကိုထပ်မကြည့်ရဲတော့ပေ။

သူမရေးနိုင်ဘူး။

သူဆက်မရေးနိုင်တော့ဘူး။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now