အခန်း(၆၀)

6.8K 1.2K 48
                                    

Unicode

နည်းနည်းချင်းနည်းနည်းချင်းဖြင့်၊ ဒါကြီးက ဘယ်လိုတောင်သေစေနိုင်သောအဆိပ်မျိုးမှန်း ဝေ့ကျားယွီတစ်ယောက် စတင်သဘောပေါက်လို့လာပြီ -

ဝေ့ကျားယွီ : နောက်ဆုံးတော့လည်း။

လော့ရှောင်းမှာ ဒုက္ခမခံနိုင်တော့၊ သူတို့ကိုယင်ကောင်တွေမောင်းထုတ်နေသလိုမျိုး သူမောင်းထုတ်လိုက်တော့တယ်၊
" သွားတော့! သွားတော့! ထွက်သွားကြစမ်း! "

တစ်ယောက်ချင်းစီက အခြားတစ်ယောက်ထက် ပိုပြီးစိတ်မမှန်ဖြစ်နေတယ်၊ သူ အမဲသားကင်ကို အေးအေးချမ်းချမ်းစားချင်ရုံပါကွာ၊ ငရဲလိုပဲ သူဘယ်သူ့ကိုများရန်သွားစမိလို့တုန်း!

အပြင်ကိုခြေတစ်လှမ်းတောင်မထုတ်ရသေးခင် ဟော့ရှန်က ဝေ့ကျားယွီဘက်လှည့်ကာ ပြောလိုက်တယ်၊
" ဒါကိုတခြားဘယ်သူမှမမြင်စေနဲ့ "

ဆံပြာ၏ဝိဉာဉ်မှာ သူ့ကိုယ်မှထွက်သွားနှင့်ချေပြီ၊
'ရှန်ကော၊ ငါတောင်မှဒါကိုမမြင်ချင်ပါဘူးကွာ၊ QAQ'

ဒါပေသိ သူမပြောရဲပေ၊ ဘာကြောင့်ဆို ရက်စက်‌သည့်မမှားသင့်သောအမှားတစ်ခုကို သူကျူးလွန်ထားသည်ကိုး၊ သင်ယူခြင်းနတ်ဘုရားဆီမှ ဒီ"အစားထိုးအတန်း"ကို သူမဖြစ်မနေလက်ခံမှကိုဖြစ်မယ်။

ဟော့ရှန်က အလေးထားကာပြောပြန်တယ်၊
" အထူးသဖြင့် ဒါကိုချောင်ရှောင်မြင်လို့မဖြစ်ဘူး "

ဝေ့ကျားယွီနှင့်လော့ရှောင်းက သူ့ကိုကြည့်လာလို့။

အပြုံးတစ်ပွင့်ဖြင့် ဟော့ရှန်ရှင်းပြလိုက်သည်က၊
" သူဘယ်လောက်အရေပါးတယ်ဆိုတာ မင်းတို့သိတာပဲ၊ ဒါကိုမြင်ရင် သူရှက်သွားလိမ့်မယ်၊ ဒါ့အတွက်ကြောင့် သူငါ့ကိုလျစ်လျူရှုလိုက်ရင် အဲ့အချိန်ကျငါဘာလုပ်ရပါ့မလဲ "

ကြီးလေးသောဝန်ကိုထမ်းလိုက်ရသည့်အစ်ကိုကြီး(လော့)နှင့်ကြီးလေးသောဝန်ကိုထမ်းလိုက်ရသည့်ညီငယ်လေး(ဝေ့) : " ... "

ဟော့ရှန်ထွက်သွားတော့ ဝေ့ကျားယွီမှာ သတိပြန်လည်လာရန်အချိန်အတော်ကြာယူလိုက်ရ၏။

လော့ရှောင်းက သူ့ကိုတစ်ချက်ဝေ့ကြည့်လာလို့၊
" မင်းစားချင်လား "
အမဲသားကင်က သောက်ကျိုးနဲကိုအေးစက်သွားပြီ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now