အခန်း(၁၆)

7.9K 1.6K 143
                                    

Unicode

ကြီးမားတဲ့အစီအစဉ်တွေဟာ စိတ်မရှည်မှုအနည်းမျှဖြင့်ပင် ပျက်စီးနိုင်လေတယ်၊ ချောင်ရှောင်လည်း emoji တွေကို မသိကျိုးကျွန်ပြုကာ သူ့ကိုမေးလိုက်ပါတယ်၊
" မင်းကို ဘာကတိပေးရမှာလဲ "

Without Friday : ငါနဲ့အတူ စားပေး။

ချောင်ရှောင်လည်း မေးခွန်းသ‌င်္ကေတပြန်ပို့လိုက်တယ်။

ဘာဖြစ်သွားတာတုန်း။

ဟော့ရှန်ဟာ လေသာဆောင်ကိုမှီလျက် ကြယ်တွေဖြင့်လင်းလက်နေတဲ့ ကောင်းကင်အောက်ဝယ် စာရိုက်နေလေတယ်၊
" ငါက အချိန်မှန်မစားဖြစ်ဘူး၊ ပြီးတော့ ငါ့စားချင်စိတ်ကလည်း အတော်ဆိုးတယ်၊ ဒါပေမယ့် ငါ သည်လွန်ခဲ့တဲ့နှစ်ရက်မှာ မင်းနဲ့ကျ ကောင်းကောင်းစားတယ်လေ၊ အဲ့ဒါကြောင့် ငါ မင်းနဲ့ပဲ ဆက်စားချင်လို့ "

သူ ဒီကလေးလေးကို စောင့်ကြည့်ပြီး အစာစားဖို့ သူ့ကိုချော့‌မော့ရမယ်၊ အဲ့လိုမှမဟုတ်ရင် သူက နေ့တိုင်း ဝက်စာတွေပဲ စားနေရင် အသားတွေ(အလေးချိန်)က ဘယ်လိုတိုးနိုင်ပါတော့မလဲ။

သည်စကားလုံးတသီတတန်းကြီးကို မြင်ပြီးနောက် ချောင်ရှောင်မှာ တစ်ခဏလောက် အံ့ဩကာ ဆွံ့အလျက်ရှိလေတယ်။

ဟော့ရှန်မှာ စားချင်စိတ်မရှိဖြစ်နေတယ်?

ဘယ်လိုမှစားချင်စိတ်မရှိတဲ့ခံစားချက်ကို ချောင်ရှောင်ထက် ပိုပြီးသိမယ့်လူရှိမှာမဟုတ်တော့ဘူး။

နေ့တိုင်း သူ ဘယ်တုန်းကမှ စားချင်စိတ်မရှိခဲ့ဘူး၊ ထမင်းစားပွဲမှာထိုင်ပြီး တစ်လုတ်နှစ်လုတ်လောက်စားဖို့ သူ့ကိုယ်သူတွန်းအားပေးရတာ ပင်ပန်းလှတယ်၊ အရာရာတိုင်းက အရသာမရှိသလိုပဲ၊ သူ့အစာအိမ်တွင်းက မခံမရပ်နိုင်လောက်အောင် ပူတာ၊ သူ့မှာ မီးကို မြိုချထားရသလိုပဲ။

ချောင်ရှောင်ဟာ သူ့ဖုန်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်တယ်။

သူ ဟော့ရှန်ကို မေးလိုက်တယ်၊
" မင်းက ငါနဲ့စားတော့ကျ ဘာလို့စားချင်စိတ်ရှိတာလဲ "

ချောင်ရှောင်ဟာ သည်ပြဿနာကိုလည်း သိချင်ပါတယ်၊ သူနဲ့ဟော့ရှန်က နှစ်နပ်ပဲ အတူတူစားခဲ့တာ၊ အဲ့ဒါက သူ တတွတ်တွတ်စကားပြောတာကြောင့် ဒါမှမဟုတ် တစ်ခုခုကြောင့် အာရုံ‌ထွေပြားသွားတာလားတော့ သူမသိဘူး၊ ဒါပေမယ့် သူက ကောင်းကောင်းစားတာပဲလေ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now