အခန်း(၁၄)

7.8K 1.6K 45
                                    

Unicode

သူက ဘာဖြစ်တယ်?

ချောင်ရှောင်ဟာ ကြောက်လန့်သွားလေရဲ့ - အကြိမ်ရေ ၁၀၀၀၀ လောက်ထိကို ကြောက်လန့်သွားတာ!

" သွားကြစို့၊ ချင်စုကို လိုက်ရှာဖို့ ငါမင်းကိုခေါ်သွား‌ပေးမယ် "
ဟော့ရှန်ဟာ သူ့လက်မောင်းပေါ် သူ့လက်ကိုတင်လိုက်တယ်။

ဒါက ထိုနှစ်ရက်အတွင်းမှာ သူတို့မကြာခဏပြုလုပ်ကြတဲ့ လှုပ်ရှားမှုလေ‌းပါပဲ၊ ထိုဟာမှာ ဒဏ်ရာရနေတဲ့ချောင်ရှောင်ကို သူ့အင်အားကိုငှားပြီး လမ်းလျှောက်ရတာပိုပြီးလွယ်ကူစေတယ်။

အခုတော့ဖြင့်...

ချောင်ရှောင်ဟာ သူရူးသွားသကဲ့သို့ သူ့ကိုမော့ကြည့်လာတယ်၊
" မင်း... "
သူ့မှာ မေးဖို့တောင် အားမထုတ်နိုင်တော့ဘူး။

ဟော့ရှန်က သူ့ဆီ မေးခွန်းတစ်ခုပြန်ထုတ်လေရဲ့၊
" ဘာလဲ၊ ငါ့မှာ သဝန်တိုဖို့အခွင့်အရေးမရှိဘူးလား "

ချောင်ရှောင်ရဲ့‌မျက်လုံးတွေ ပြူးကျယ်လာသည်ပင်၊ သူ့စိတ်ထဲမှာတော့ အကြိမ်တစ်သောင်းလောက် မာန်ဖီဟိန်းဟောက်ကုန်ပြီ၊ မင်းက ထင်တယ်? မင်းမှာ ဘာအခွင့်အရေးရှိလို့တုန်း!???

" ချင်စုက ဟို‌မှာ "
ဟော့ရှန်က လက်ရန်းရှိရာဆီ ကြည့်လေတယ်။

အရှေ့အထက်တန်းကျောင်းအဆောက်အဦမှာ အလယ်တွင်ချိုင့်တစ်ခုနှင့်ကွင်းပုံသဏ္ဌာန်ရှိလေတယ်၊ ကျောင်း‌သားတွေဟာ သူတို့နားချိန်အတွင်းမှာ သည်နေရာမှာကစားရတာ ကြိုက်ကြတယ်။

ချင်စုဟာ အစွန်ကျသော ထောင့်စွန်းတစ်နေရာရဲ့ အကာအရံနားမှာ ရပ်နေတာ၊ လက်ရန်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကာ အောက်ကို စိုက်ကြည့်နေလျက်။

အကယ်၍ လက်ရန်းတွေကသာ ဖြတ်ကျော်ဖို့မဖြစ်နိုင်လောက်အောင် မြင့်မနေဘူးဆိုရင် ချောင်ရှောင်ကတော့ တွေးမိလိမ့်မှာ...။

" ချင်စု! "
ချောင်ရှောင်က သူ့ကိုအော်ခေါ်လိုက်တယ်၊ သူ့ရဲ့မလုပ်နိုင်မကိုင်နိုင်ဖြစ်နေတဲ့ခြေထောက်နဲ့ အသားကုန်ကြိုးပမ်းအားထုတ်ရင်း မြန်မြန်သွားတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now