အခန်း(၃၉)

6.3K 1.4K 45
                                    

Unicode

ထိုအချိန်တွင် ဘာတွေဖြစ်နေလဲဆိုတာ ချောင်ရှောင်မသိသေး၊ ‌သူက နေ့လည်ခင်းနားချိန်အတွင်း သူသင်ခဲ့တာတွေကို ပြန်လည်ဆန်းစစ်ရန်တွေးနေရုံသာ၊ 'တစ်စုံတစ်ယောက်ဟာ အနာဂတ်ကိုနားလည်နိုင်ရန် အတိတ်ကိုပြန်လည်တွေးတောရမည်' ဟုပြောခဲ့ချိန်မှာ ကွန်ဖြူးရှပ် မှန်ကန်ပေတယ်။

သူ စာအုပ်ကိုလှန်လှောနေချိန်မှာပဲ ချင်စု၏ဖုန်းဟာ မြည်လာခဲ့တယ်၊ ချောင်ရှောင်က ထွေထွေထူးထူးတွေးမနေဘဲ ထိုရှုပ်ထွေးလှသည့်ရူပဗေဒပုစ္ဆာကိုသာ တစိမ့်စိမ့်ဆက်‌စဥ်းစားနေလိုက်တယ်။

ချင်စုက သူ့ဖုန်းကိုကောက်ယူကာ ဖုန်းပြောရန် ပြတင်းပေါက်နားတွင်ရပ်နေလေတယ်၊
" အမေ ကျွန်တော်... "

နောက်စက္ကန့်မှာပဲ ချင်စု၏အသံမှာ ရှစ်သံတွဲထက်ပင် မြင့်တက်သွားလေ၏၊
" ဘာကြီး! "

ချောင်ရှောင်က သူ့ခေါင်းကိုထောင်ကာ သူ့ကိုအနည်းငယ်စိတ်ပူစွာလှမ်းကြည့်လိုက်တယ်၊ ဘာများလဲ၊ ချင်စုမိသားစုမှာ တစ်ခုခုဖြစ်လို့များလား။

သူ့အိပ်ရာထဲတွင် ကျင်းတူးပြီး ဂိမ်းကစားနေသည့် ဝေ့ကျားယွီလည်း လန့်ဖျပ်သွား‌လေတယ်၊ သူက ချင်စုဆီသို့ မကျေမနပ်ဖြင့်ကြည့်လာကာ၊
" ဘာတွေအော်နေတာတုန်း၊ မင်းကျေးဇူးကြောင့် လောင်ဇီသတ်ထားတဲ့သုံးကောင်တော့ သွားပြီ! "

ချင်စုမှာ လုံးဝကိုအံ့အားသင့်နေသည့်အခြေအနေ၌ ရှိနေ၏၊
" မဖြစ်နိုင်တာကြီး၊ ဘယ်...ဘယ်မိဘကများ အဲ့လိုစာအိတ်နီကြီး ကြဲနိုင်မှာလဲ "

သည်နေရာကိုကြားတော့ ချောင်ရှောင်၏နှလုံးမှာ ‌ကဆုန်ပေါက်သွားတယ်၊ ဒါနဲ့ပတ်သတ်ပြီး သူမကောင်းတဲ့ခံစားချက်ရနေတယ်။

မဖြစ်နိုင်လောက်ပါဘူး...

သူ့အဖေကို သိုသိုသိပ်သိပ်အနေအထား,ထားဖို့ သူထပ်တလဲလဲပြောထားတာလေ...

ရဲဘော်သာ့ချောင်က သူ့အတွက် ဒီလောက်ကြီးတဲ့ကျင်းကြီးကို သေချာပေါက်တူးမပေးလောက်ပါဘူးနော်!

ချင်စုက ဖုန်းချကာ သူ့ဖုန်းကိုမွှေနောက်ကြည့်ပြီးနောက် အသက်ရှူသွင်းလိုက်လေ၏။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now