အခန်း(၈၄)

6.4K 1.3K 65
                                    

Unicode

သူပြောခဲ့တာကို ချောင်ရှောင် အသေအချာမှတ်မိနေတာကြောင့် အံ့ဩသွားရတယ်၊
" ဘုရားကျောင်းကနေ ဒါကိုတောင်းလာတဲ့သူက မင်းအမေလို့ မင်းပြောခဲ့တာမဟုတ်ဘူးလား "

ဘယ်လိုဖြစ်လို့ သူ့အဖေ ဖြစ်သွားရတာတုန်း။

အဲ့အချိန်က သူ့ဂန္ဓမာပန်းထဲကနေ ဆွဲထုတ်ထားရတဲ့စကားကို ဝေ့ကျားယွီက ဘယ်လိုမှတ်မိမှာတဲ့တုန်း၊ သူမရေမရာပြောလိုက်တယ်၊
" အာ၊ ငါ့အမေလား "

ရှန်ကောက သူ့အမေလား၊ ရှန်ကောရဲ့လိင်အမျိုးအစားနဲ့ကလီကမာသွားလုပ်ရအောင် သူအသက်မရှင်ချင်တော့တာပဲဖြစ်ရမယ်!

ဆင်းရဲသားတစ္ဆေလေးက အိပ်ရာဝင်တီတီတာတာစကားပြောနေစဉ်အတွင်း ဟော့ရှန်ကို သွားပြောပြလိုက်မှာကိုကြောက်ကာ ဝေ့ကျားယွီက ထပ်မံအလေးပေးပြောလိုက်တယ်၊
" မင်းနားကြားမှားတာ၊ ငါ့အဖေလို့ပြောလိုက်တာ! "

ချောင်ရှောင်က သူတို့စာမေးပွဲမှာ ဘိတ်ချေးဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့မှတ်ဉာဏ်မှာပြဿနာရှိမနေပေ၊ သူပြောလိုက်တယ်၊
" မင်းအမေလို့ မင်းပြောခဲ့တာ "

ဒီဆံပြာတစ်ယောက် ဘာဖြစ်နေတာလဲ။

ဝေ့ကျားယွီက ကူဖော်လောင်ဖက်တစ်ယောက်ကို ဆွဲခေါ်လာပြီး ပြောလိုက်တယ်၊
" ငါ့အဖေလို့ ငါပြောခဲ့တာ၊ မယုံရင် မင်းချင်စုကိုမေးကြည့်လို့ရတယ်! "

သူက ချင်စုရဲ့ WeChat ကိုရှာကာ ၁၈၈ ယွမ်ပါတဲ့စာအိတ်နီတစ်အိတ် ပို့ပေးလိုက်တယ်၊ သူက ချင်စုကိုပြောလိုက်သေးလို့၊
" အဖေ! နောက်ကျ Group ထဲမှာ အဲ့ဒါငါ့အဖေလို့ပြောလိုက်စမ်းပါ! "

ထို့နောက် သူ့အတွက် သက်သေခံပေးရန် ချင်စုကို WeChat group ထဲဆွဲသွင်းလိုက်တယ်။

ချင်စုမှာ ချက်လို့ပြုတ်လို့ပြီးရုံရှိသေး ဒီ WeChat ကိုမြင်လိုက်ရခြင်း၊ ခံစားချက်ကင်းမဲ့စွာဖြင့် "အရူးအလုပ်တွေ" လို့ သူကစာပြန်လိုက်တယ်၊ စာအိတ်နီကို ဖွင့်ပင်မကြည့်ခဲ့ပေ။

ဝေ့ကျားယွီက ဒေါကန်သွားကာ Group ထဲမှာပဲ သူ့ကိုတိုက်ရိုက်ဆဲရေးဆိုတော့တယ်၊
" လေးလုံးချင်! ငလူးထဲမှ မင်းလူလိုပြောလို့မရဘူးလား! "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now