အခန်း(၃၂)

7K 1.4K 96
                                    

Unicode

ချောင်ရှောင် : " ? "

လော့ရှောင်းက ဘာလို့ဟော့ရှန်ကို ဆဲရေးလဲဆိုတာ သူမသိ။

သို့သော်လည်း ကိစ္စမရှိပါဘူး၊ သူငယ်ချင်းတွေကြားမှာ ကျီစယ်တာက တကယ့်ကိုပုံမှန်ပဲလေ။

လော့ရှောင်းမှာ ဘယ်လိုခံစားနေရလဲဆိုတာပင် မသိတော့၊ သူ ချောင်ရှောင်ကို ထပ်ပြီးကြည့်ရန်ပင် မခံနိုင်တော့ပေ။

သည်ကလေးကတော့ သေချာပေါက်အစားခံရတော့မယ်။

လောင်ဟော့က သူသားရဲမဟုတ်ဘူးလို့ပြောခဲ့ပေမယ့် ဒါကြီးက...

ဒါကြီးက သားရဲထက်တောင် ပိုဆိုးတယ်ကွ။

စာမေးပွဲခန်းထဲမှာ ဘယ်သူမှမကျန်တော့ ချောင်ရှောင်က ဟော့ရှန်ကို နောက်တစ်ကြိမ်တွန်းလိုက်တယ်၊
" မင်းက နေ့လည်စာလည်းမစားတော့ဘူးလား "

ဟော့ရှန်က ဘယ်လိုပဲဖြစ်ဖြစ်ဂရုမစိုက်သော်လည်း သူ့ထိုင်ခုံဖော်သေးသေးလေး၏ကြီးထွားမှုကိုတော့ စိုးရိမ်သည်လေ၊ သူက အနည်းငယ်လှည့်လာကာ၊
" စားမယ် "

ချောင်ရှောင်က သူ့နဖူးပြင်ကို ဆက်ကနဲတောက်လိုက်ကာ၊
" ဒါဆိုမြန်မြန်ထလေ "

" အမ် "
ဟော့ရှန်က သူ့လက်ကိုယူကာ သူ့လက်မောင်းပေါ် တင်ပေးလိုက်တယ်။

အမှန်တော့ ချောင်ရှောင်၏ခြေထောက်မှာ အများကြီးပျောက်ကင်းနေပြီဖြစ်ကာ သူ့ဘာသာလျှောက်လျှင်ပင် ပြဿနာမရှိတော့၊ သို့သော်လည်း ဟော့ရှန်ကတော့ သူ့လက်မောင်းကို အထောက်အကူအဖြစ် ငှားရမ်းနေသည်မှာ လဝက်ပင်ရှိနေပြီဖြစ်ကာ နှစ်ယောက်လုံးကလည်း အဲ့ဒါကိုကျင့်သားရလို့နေပြီ။

သူတို့ဘေးက လော့ရှောင်းမှာ ဘီးအပိုအဖြစ်ခံစားနေရကာ လက်ထဲ၌ ဆေးလိပ်တစ်လိပ်ဖြင့် ရှိလို့နေ၏။

သူတို့ကို ဘာတစ်ခုမှသတိပေးတာတွေ ဘာတွေမလိုအပ်တော့၊ သူတို့၏ကလူ၏မြူ၏အမူအရာကိုကြည့်ခြင်းအားဖြင့် သူတို့ဟာ အတိအကျကို နှစ်ဖက်လုံးက သဘောတူလိုက်လျောနေလို့ပေါ့။

နေ့လည်နားချိန်အတွင်း ဟော့ရှန်က အအိပ်အကြွေးဆပ်ရန် အခန်း ၅၁၆ ကို သွားလေ၏။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now