အခန်း(၄၉)

6.6K 1.4K 319
                                    

Unicode

လော့ရှောင်းတစ်ယောက် သူ့မှုန်ဝါးဝါးအမြင်မှတစ်ဆင့် ဘာတွေမြင်သွားသလဲ ချောင်ရှောင်မသိပေ၊ သူမေးလိုက်တယ်၊
" ဒီလောက်အစောကြီး မင်းဒီမှာဘာလုပ်နေတာလဲ "

လော့ရှောင်းမှာ တိုက်ခန်းထဲဝင်ချင်စိတ်ပင်မရှိတော့၊ သူ မနက်စာကိုပဲ အမြန်ကမ်းပေးလိုက်တယ်။

ချောင်ရှောင် မျက်တောင်ခပ်လိုက်ကာ၊
" မနက်စာလား "

သူ ပလတ်စတစ်အိတ်ကိုယူကာ ပြောလိုက်မိတယ်၊
" မင်းက ဟော့ရှန်အပေါ် အရမ်းကောင်းတာပဲ "

သူက စားစရာပေးရန်အတွက်နှင့် ဒီလောက်အစောကြီးရောက်လာခဲ့တာ၊ သူက သူ့သူငယ်ချင်းတွေကို တကယ်ကောင်းကောင်းဆက်ဆံတာပဲ!

လော့ရှောင်းက သူ့မျက်ခုံးတွေကိုပင့်ကာ ပြောလာ၏၊
" သူကသာ မင်းအတွက် မနက်စာဝယ်လာပေးဖို့ ငါ့ဆီ message ပို့လာတဲ့သူ "

ဟုတ်ပါတယ်၊ သူက မီးသီးတစ်လုံးဖြစ်နေပြီဆိုပေမယ့် ငရဲလိုပဲ တတိယလူဆိုပြီး စွပ်စွဲခံရတော့မယ်။

ချောင်ရှောင် သူ့ကိုအမြန်ကျေးဇူးတင်လိုက်တယ်၊
" ကျေးဇူးပါပဲ "

ဟော့ရှန်ကလည်း အံ့ဩစရာသူငယ်ချင်းတစ်ယောက်ပဲ၊ သူတို့အားလုံးက ညီအစ်ကိုကောင်းတွေပဲ!

လော့ရှောင်းမှာ သူ့ကို ထပ်မကြည့်ချင်တော့ပေ၊ သူ့အမြင်အာရုံလမ်းကြောင်းကို ရှေ့တည့်တည့်ကိုသာ အာရုံစိုက်ထားလျက် ပြောလိုက်တယ်၊
" ငါသွားပြီ "

ချောင်ရှောင် ရုတ်ခြည်းပင် အကြံတစ်ခုရလိုက်တယ်၊
" မင်းမနက်စာစားပြီးပြီလား "

ကျောင်းအာဏာရှင်ကြီးမှာ မနက်စာစားရန် အချိန်ဘယ်ရှိပါလိမ့်မလဲ၊ မနက်ခင်း ရှစ်နာရီဆိုတာ သူ့အတွက် အိပ်ချိန်ပဲလေ။

" မစားရသေးရင် အတူစားရအောင်လေ၊ မင်းဝယ်လာတာ အများကြီးပဲ၊ ငါတို့ အဲ့ဒါတွေကို အပြတ်ရှင်းနိုင်မှာမဟုတ်ဘူး "
ချောင်ရှောင် သူ့ကိုဖိတ်ခေါ်လိုက်တယ်။

လော့ရှောင်း ခဏရပ်တန့်သွားတယ်။

ချောင်ရှောင် သူ့ကိုလက်ကနေဆွဲကာ ပြောလိုက်တယ်၊
" မြန်မြန်လာ၊ မင်း တံခါးမှာဘာရပ်လုပ်နေတာလဲ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now