အခန်း(၁၁၂)

6.6K 1.3K 81
                                    

Unicode

ချောင်ရှောင်က ဟော့ရှန်အတွက် အလိုအလျောက်ပြောပေးမိတယ်၊
" သူက အရမ်းကောင်းပြီး ကျွန်တော့်ကို တကယ်ကောင်‌းကောင်းဆက်ဆံပေးတယ်ဗျ "

သူ မပြောဘဲနေလိုက်တာမှ ပိုကောင်းလိမ့်ဦးမယ်၊ သူ့ပါးစပ်ကိုဟလိုက်တာနဲ့ ချောင်ယုအန်က တစ်ကိုယ်လုံးအေးခဲသွားပြီး ရန်ရှောင်လုံရဲ့မျက်ခုံးတွေက သူ့အရေးအကြောင်းတွေထဲ ပျောက်ကွယ်သွားတော့တယ်!

သာ့ချောင်က သူ့သားကိုမျက်ဆံလှန်ပြပြီး ဟော့ရှန်မှာ သူ့ရင်ထဲ ခါးသီးစွာ ပြုံးလိုက်မိတယ်။

ချောင်ရှောင်လည်း သူ စကားအများကြီးပြောမိသွားမှန်း သဘောပေါက်လိုက်တယ်၊ သူ့မှာ စိုးရိမ်ပူပန်ပြီး တင်းမာနေတဲ့လေထုကို ဖြေလျှော့ပေးချင်ပေသိ သူက ဟော့ရှန်ကိုစိတ်ပူလေလေ ဟော့ရှန်ကိုဦးတည်နေတဲ့ လူအိုကြီးနှစ်ယောက်ရဲ့အကြည့်တွေက ပိုပြီးကြည့်ရဆိုးလာလေလေ ဖြစ်နေတော့တယ်။

ဟုတ်ပါတယ်၊ ချောင်ရှောင်က ဟော့ရှန်အတွက်စိတ်ပူမနေရင် လူကြီးနှစ်ယောက်က ‌သူ့ကိုပိုလို့ပင်သဘောမကျရုံပဲဖြစ်လိမ့်မှာ၊ ဒါက ရိုးရှင်းစွာ သူ ရုန်းမထွက်နိုင်တဲ့ အဆုံးမရှိတဲ့ကွင်းတစ်ခုပါပဲ။

အခုအချိန်မှာ သာ့ချောင်က ဟော့ရှန်ဘက်မှာရှိနေပြီမို့ သူက ပွင့်ပွင့်လင်းလင်း ဝန်ခံရဲမှတော့ သူ့မှာဖြေရှင်းနည်းရှိနေပြီးသားလို့ဆိုလိုတာ သဘာဝကျပါတယ်၊
" စာကြည့်ခန်းထဲမှာစကားပြောရအောင်လေ "

ကံကောင်းစွာဖြင့် ညစာစားပြီးသွားပြီဖြစ်လို့ သူတို့တွေ စကားစမြည်သွားပြောနိုင်ကြပြီ။

ချောင်ယုအန်နဲ့ရန်ရှောင်လုံက ထရပ်ပြီး ချောင်စုန့်မင်ရဲ့စာကြည့်ခန်းဆီသွားနှင့်ကြပြီ၊ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့‌‌တွေ ချောင်စုန့်မင်ကိုအသေအချာမေးခွန်းထုတ်မှဖြစ်မယ်၊ ရှောင်ရှောင်က ဘယ်နှနှစ်ရှိသေးလို့လဲ? သူက ဝံပုလွေတစ်ကောင်ကို သူတို့အိမ်ထဲ ဘယ်လိုလုပ်ခေါ်သွင်းနိုင်ရတာလဲ?!

လူကြီးတွေက အပေါ်ထပ်တက်သွားကြပြီး ချောင်ရှောင်နဲ့ဟော့ရှန်က အောက်ထပ်မှာကျန်နေခဲ့တယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now