အခန်း(၄၂)

7.5K 1.4K 165
                                    

Unicode

လူတိုင်း‌ရှေ့မှာ သူ့အတွက် နက်ကတိုင်ချည်ပေးဖို့ သူ့ကိုမေးလိုက်တာလား။

ချောင်ရှောင်၏သွေးသားတော်စပ်သူသုံးယောက်ဖြစ်သည့် ချောင်ယုအန်၊ ရန်ရှောင်လုံနှင့် ချောင်‌စုန့်မင်တောင်မှ သည်လိုအပြုအစုမျိုးကို ခံစားဖူးကြတာမဟုတ်ဘူး!

ချောင်ရှောင် သူ့ကိုစိုက်ကြည့်ပေးလိုက်တယ်၊
" ဘာမဆိုလုပ်တတ်တယ်လို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလား "

" ဒါပေါ့၊ ငါဘယ်လုပ်တတ်ပါ့မလဲ "
ဟော့ရှန်က ပြောလာလေတယ်၊
" ငါက စာမေးပွဲတွေမှာ အမှတ်အများကြီးရတာ၊ ပြိုင်ပွဲမှာအနိုင်ရတာ၊ ဘတ်စကတ်ဘောကစားတာ၊ လက်ရေးအလှရေးတာ၊ စန္ဒရားနဲ့တယောတီးတာ... "

" ဟုတ်ပါပြီ! "
ချောင်ရှောင်မှာ သည်လူယုတ်မာကြောင့် လက်ခံလိုက်ရတယ်၊
" မင်းက မယုံနိုင်စရာကောင်းလွန်းနေလို့ ငါအံ့ဩရပါတယ် "

သူ့နက်ကတိုင်ကို ချည်ပေးဖို့ သူအနီးကိုတိုးသွားလိုက်တယ်။

ဟော့ရှန်က အနည်းဆုံး ၁.၈၈ m (၆'၂")ရှိကာ ချောင်ရှောင်မှာ ၁.၆ m (၅'၃") သာအနည်းငယ်‌ကျော်တယ်၊ ထိုအရပ်ကွာခြားချက်ကြီးက ချောင်ရှောင်အတွက် အလုပ်ဖြစ်ရန်ခက်လှတယ်၊ သူမရောက်နိုင်တာတော့မဟုတ်၊ သူ့နေရာကနေ မြင်ရရန်ခက်နေခြင်းသာ၊ အဲ့ဒါက အရမ်းကျပ်နေရင် သက်တောင့်သက်သာရှိမှာမဟုတ်သလို အရမ်းချောင်နေရင်လည်း ကြည့်ရတာမကောင်းလှပေ။

သူ့အဖိုး၏လွှမ်းမိုးခြင်းခံထားရသည့် ချောင်ရှောင်ဟာ သည်ကိစ္စနှင့်ပတ်သတ်ရင် အလွန်ဇီဇာကြောင်လှတယ်။

ဟော့ရှန်က သူ့ကိုငုံ့ကြည့်နေတယ်၊ သူ့နှုတ်ခမ်းထောင့်စွန်းများကတော့ မြင့်တက်နေလို့။

ချောင်ရှောင်မှာ ခြေဖျားထောက်ရန်တွေးနေချိန်တွင် သူ့မျက်န‌ှာထားကို အမှတ်တမဲ့မြင်လိုက်ရခြင်း။

သခင်လေးချောင် သူ့ကို အတင်းဆွဲချလိုက်တော့တယ်။

- ခြေဖျားထောက်ပြီး ရပ်ရမယ်ပေါ့?

လုံးဝပဲ!

ဟော့ရှန် ထိတ်လန့်သွားသော်လည်း သူ့အပြုံးမှာ ချက်ချင်း ပိုနက်ရှိုင်းလာလေတယ်၊ သူက နာခံစွာ ပူးပေါင်းပေးလိုက်ကာ ချောင်‌ရှောင်နှင့်ပိုနီးအောင် ရှေ့သို့ကိုင်းညွတ်ပေးလာတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now