အခန်း(၄)

11.2K 1.9K 83
                                    

Unicode

တရုတ်ဘာသာအတန်းကတော့ အေးချမ်းတယ်။

ချောင်ရှောင်က ရှေးခေတ်တရုတ်ဘာသာမှာအခက်အခဲရှိတယ်၊ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ အခုအချိန်သင်ခန်းစာကတော့ခေတ်သစ်တရုတ်ဘာသာဖြစ်တယ်။ သင်ခန်းစာကတော့ ကျူးဇီချင်းရဲ့စာစီစာကုံးတစ်ပုဒ်ဖြစ်တဲ့ ' ကြာကန်ထဲမှလရောင် ' ဖြစ်တယ်၊ ဘာသာစကားဆရာကနူးညံ့သောအသက်လေးဆယ်အရွယ်ရှိဦးလေးတစ်ယောက်ဖြစ်ပြီး လေထုကိုတက်ကြွလာစေဖို့ သူက ဖုန့်ဟွမ်းချွမ်ကျိ၏' ကြာကန်ပေါ်မှလရောင် ' ဟူသောသီချင်းကို ဖွင့်ထားတယ်။

ရာစုနှစ်တွေပြောင်းလဲပြီးနောက် မွေးဖွားလာတဲ့တစ်ယောက်မှဒီသီချင်းကို တကယ်မကြိုက်ကြဘူး၊ ဒါပေမယ့် လူတိုင်းကတော့ အဲ့ဒါကိုကြားဖူးကြတယ်၊ နောက်ဆုံးတော့လည်း ဘယ်သူက အဖိုးအဖွားတွေနဲ့‌အတူလေးစုံတွဲအကမှာ မကပေးဖူးလို့လဲ။

သီချင်းက အလွန်မြူးကြွပြီး အသံကလည်း အတော်ကျယ်တယ်၊ ချောင်ရှောင်ကတော့ တရုတ်ဘာသာဆရာက အိပ်ပျော်နေကြတဲ့သူ့ကျောင်းသားအပေါင်းကို နှိုးချင်လို့,လို့ယူဆတယ်၊ သူ့ဘေးကတစ်ယောက်လိုမျိုးပေါ့၊
စိတ်မကောင်းစရာပဲ ဆရာ့ရဲ့ကြိုးကြိုးစားစားအလုပ်က
နည်းနည်းပဲအလုပ်ဖြစ်တယ်။

အစကတော့ ချောင်ရှောင်က သူ့ထိုင်ခုံဖော်ရဲ့လက် လှုပ်‌သွားတာကိုတွေ့တယ်၊ သူတွေးလိုက်တာက ' နောက်ဆုံ‌းတော့ အအိပ်နတ်ဘုရားက နိုးပြီပေါ့! ' သူက နောက်ဆုံ‌းတော့ သူ့ထိုင်ခုံဖော်ရဲ့မျက်နှာကိုမြင်ရပြီး သူ့သံသယတွေကို တခါတည်းကျေအေးရတော့မယ်ပေါ့။

ဘယ်သူသိမှာလဲ သူ့ကိုကျောပေးထားတဲ့သူ့ထိုင်ခုံဖော်က သမ်းဝေရုံသာဖြစ်ပြီး ဆက်အိပ်နေမယ်လို့၊ ကွာခြားသွားတာဆိုလို့ သူ့ကိုယ်ဟန်က ပြောင်းလဲသွားတာပဲရှိတယ်၊ အစက သူ့ခေါင်းကို သူ့လက်မောင်းပေါ်မှာ လှဲထားတာ၊ ဒါပေမယ့် အခုတော့ခေါင်းက စားပွဲမှာ တိုက်ရိုက်ရှိနေပြီး သူ့ရှည်လျားတဲ့လက်ကတော့ စားပွဲအောက်က တွဲလောင်းကျနေလျက်။

ချောင်ရှောင်က သူ့နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး ထိုလက်မောင်းကို စိုက်ကြည့်နေတယ်_အဲ့ဒါက နည်းနည်း ရင်းနှီးနေသလိုပဲ_တကယ်ရင်းနှီးတာ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now