အခန်း(၅၆)

6.6K 1.3K 193
                                    

Unicode

အခြေခံအားဖြင့် စုန့်ရိရှီမှာ တုံးအအဟပ်စကီးခွေးပြန်လည်ဝင်စားလာခြင်း၊ ဤသည်မှာ သူ့ကို ဟော့ရှန်၏ရှေ့ကထိုင်ခုံ‌တွင် နေရာချပေးစဉ်က ထောင်းရီသတ်မှတ်ပေးခဲ့သည့်အရာပင်။

ဒီည အစပိုင်းတုန်းက‌ သူ လော့ရှောင်းကိုကြောက်ရွံ့နေခဲ့တာ၊ ဒါပေသိ အချိန်အတော်ကြာကစားပြီးသည့်နောက် သူမကြောက်လန့်တော့။

ဟော့ရှန်က သူ့ကို ဒီရန်စမှုကြီး ပို့လွှတ်လာချိန်မှာတော့ သူ့ဗီဇအစစ်အမှန်မှာ ဖော်ထုတ်ခံလိုက်ရချေပြီ။

စုန့်ရိရှီ ပြောလိုက်တယ်၊
" ရှန်ကော၊ တာဝန်ကိုပြောင်းပေးလို့ရမလား၊ ငါယောက်ျားတစ်ယောက်ကိုမနမ်းချင်ဘူးလို့! "
ထိုသို့ပြောရင်း သူက ကျဲခိုင်ကိုလည်း ဖျက်ကနဲတစ်ချက်ကြည့်လိုက်သေးလို့၊ သူ့နှာခေါင်းကိုထိကာ ပြောလာသည်က၊
" အထူးသဖြင့် ဒီနံဟောင်နေတဲ့~အကောင်ကိုတော့မနမ်းဘူး! "

ရှိနေကြသည့်ယောက်ျားလေးများအားလုံး : " .......... "

ချီးမျက်နှာစုန့်က ထိုဆိုးဝါးသည့်အမှားကြီးကို ကျူးလွန်လိုက်ချိန်မှာတော့ စိတ်အခြေအနေတွေ ပြောင်းလဲကုန်ကြတယ်။

ဟော့ရှန်ပြောလာသည်က ကျိုးကြောင်းဆီလျော်လှတယ်၊
" မင်းနမ်းရတာကိုကြိုက်မှန်းသိရင် ငါဒါကိုတာဝန်အဖြစ်မသတ်မှတ်လိုက်ပါဘူးကွာ "

" အား "
စုန့်ရိရှီတစ်ယောက် ကြမ်းပြင်ပေါ်လဲကျသွားကာ၊
" ငါသေသွားပြီ "

ဟော့ရှန်က ပြောလိုက်တယ်၊
" ကျဲခိုင်မင်းကိုနမ်းဖို့ မင်းလိုတာလား "

" မလိုပါဘူး! "
စုန့်ရိရှီမှာ အထိတ်တလန့် မတ်မတ်ထိုင်လိုက်လို့၊
" ငါအသက်ရှင်နေတယ်၊ နောက်ထပ်နှစ်ပေါင်း ၅၀၀ လောက် ငါအသက်ရှင်နေနိုင်ဦးမှာ "

ချောင်ရှောင်မှာ ဒီလူရွှင်တော်ကြောင့် လုံးလုံးလျားလျားအပျင်းပြေနေကာ ဟော့ရှန်၏စကားနှင့်အတူ လိုက်ပါလိုက်တယ်၊
" မင်းအသက်ရှင်နေတယ်ဆိုမှတော့ မင်းရဲ့ Dare ကိုမြန်မြန်လုပ်တော့လေ "

နောက်ဆုံးတွင် ဒီကစားနည်းကိုဘယ်လိုကစားသင့်လဲဆိုတာသိ‌‌သည့် တစ်စုံတစ်ယောက်ပဲ! ဒီတာဝန်က စိတ်ဝင်စားစရာကောင်းတယ်၊ မတိုင်မီက ထိုတာဝန်တွေက နေရာလဲတာတို့ ထိုင်ထတို့လောက်သာ — အဲ့ဒါက ဘယ်လိုကစားနည်းမျိုးကြီးတုန်း!

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now