အခန်း(၇၂)

6.3K 1.3K 48
                                    

Unicode

သူတို့ဘာအကြောင်းပြောကြမလဲဆိုတာကတော့...

အမ်......အရင်ဆုံး အမှတ်ကောင်းကောင်းရအောင်ပဲ လုပ်ကြရအောင်!

စာမေးပွဲဖြေရန်သုံးရက်အလို၊ ချောင်ရှောင်၏စိုးရိမ်ကြောင့်ကြမှုကို ဟော့ရှန်သိသာစွာခံစားလို့ရနေတယ်။

အမှန်မှာ ဟော့ရှန်ပင်မဟုတ်၊ တစ်ကောင်သောတုံးအအဟပ်စကီးကောင်‌(စုန့်ရိရှီ)တောင်မှ ၎င်းကိုသတိပြုမိတယ်။

စုန့်ရိရှီက ချောင်ရှောင်ကိုတိုးတိုးလေးပြောလာလေ၏၊
" ရှောင်ကော၊ မင်းအရမ်းကြီးကြောက်နေစရာမလိုပါဘူးကွာ၊ ငါတို့ရဲ့စာမေးပွဲခန်းမှာ ရ‌ှင်သန်မယ့်သူက မင်းတစ်ယောက်တည်းပဲ "

သူတို့စာမေးပွဲခန်းက လူအားလုံး၊ မဟုတ်သေးဘူး၊ နောက်ဆုံးစာမေးပွဲခန်းသုံးခန်းထဲက လူအားလုံးပေါင်းရင်တောင် စာလုပ်တဲ့နေရာမှာသူတို့စိုက်ထုတ်ခဲ့သည့်ကြိုးစားအားထုတ်မှုပမာဏက ချောင်ရှောင်နှင့်ယှဉ်နိုင်လိမ့်မှာမဟုတ်ပေ။

ချောင်ရှောင်က ဝတ်ကျေတမ်းကျေသာ အဖြေပေးလိုက်တယ်၊
" ငါကြောက်မနေပါဘူး "

ဒါပေသိ သူက ခေါင်းတောင်မော့မလာဘဲ လေ့ကျင့်ခန်းစာရွက်တွေကိုသာ ဆက်ဖြေနေလေတယ်။

စုန့်ရိရှီက ဟော့ရှန်ကိုလှမ်းကြည့်ကာ လက်ဟန်ခြေဟန်ပြလာတယ်၊ 'ဒါကြီးက အဆင်ပြေတာလား'။

ဟော့ရှန် ကလေးလေးကိုကြည့်ကာ ပြောလိုက်တယ်၊
" ခဏလောက်နားရအောင်လေ "

ချောင်ရှောင် ခဏတန့်သွားသော်လည်း မော့ကြည့်မလာသေးပေ၊
" ငါပင်ပန်းမ‌နေဘူး "

ဟော့ရှန်က သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ကာ ပြောလာတယ်၊
" ခဏလေးပဲနားလေ "

ချောင်ရှောင် ကြက်သေသေသွားပြီး သူ့ကိုမော့ကြည့်လိုက်တယ်။

ဟော့ရှန်က သူ့မျက်လုံးများထဲ စိုက်ကြည့်နေလို့၊ သူ့မျက်လုံးနက်နက်တွေထဲမှာ မြင်ရခဲသည့် ရှားရှားပါးပါးလေးနက်မှုတစ်ခုရှိလို့နေတယ်။

ချောင်ရှောင်၏နှလုံးသားလေး တစ်ချက်ဆောင့်ခုန်သွားပါ၏၊ သူ့စာအုပ်ကိုငုံ့ကြည့်လိုက်ကာ၊
" ဒါပေမဲ့ ငါတကယ်ပင်ပန်းမနေတာ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now