အခန်း(၆)

10.2K 1.8K 96
                                    

Unicode

ချောင်ရှောင်က လုံးဝကိုစိတ်တွေရှုပ်ထွေးနေတယ်၊ သူနေလာတာ ၁၇နှစ်ရှိပြီ၊ ပြီ‌းတော့ အခုအချိန်မှာဖြစ်ပျက်သွားတာက သေချာပေါက်ကို သူ့ရှက်စရာကောင်းတဲ့စာရင်းမှာပါနေမှာ - အနည်းဆုံးတော့ ထိပ်ဆုံးသုံးခုထဲပဲ။

သူက အချီခံနေရတယ်၊ လူကြီ‌းတွေက ကလေးတွေကိုချီသလိုမျိုးပဲ၊ ဂျိုင်းအောက်ကနေ အချီခံရတာ။

လှေကားသုံးထစ်လောက်ထိ အချီခံရပြီးနောက် ချောင်ရှောင်က နောက်ဆုံးတော့ သူ့အသံကို ရှာတွေ့သွားပြီ၊
" ငါ့ကို အောက်ချပေး "

သူ့အသံက အလွန်ကျယ်တာ အဆောင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားလောက်အောက်ပဲ၊ ကျေးဇူးတင်ပါတယ် အခုချိန် အဆောက်အဦထဲမှာ တစ်ယောက်မှမရှိလို့၊ မဟုတ်ရင် ပွဲကြည့်ပရိသတ်အုပ်လိုက်ကြီး စုရုံးလာတော့မှာပဲ။

ဒီလိုအရှက်ကွဲအောင်လုပ်တဲ့တရားခံရဲ့နားတွေကတော့ တွန့်သွားတယ်၊
" မင်းခြေချင်းဝတ်က မနာဘူးလား "

ဒီလိုနာကျင်မှုမျိုး ရှိမလား။

လူတွေက ဝမ်းနည်းဒေါသထွက်နိုင်တယ်၊ ဒါပေမယ့် သူတို့က မျက်နှာတော့ မပျက်ချင်ကြဘူးလေ။

ချောင်ရှောင်က သောကတွေ ခံပြင်းဒေါသထွက်ခြင်းတွေနဲ့ ခေါင်းကိုလှည့်လိုက်တယ်၊
" ဒီလိုကိစ္စမျိုး ဘယ်မှာရှိမှာလဲ "

အကယ်၍ လူတွေသာ သူ့ကိုဒီပုံစံနဲ့မြင်သွားရင် ချောင်ရှောင်ကို တော်တဲ့ကျောင်းသားဆိုပြီး သိမှာမဟုတ်တော့ဘူး၊ သူက အရှေ့အထက်တန်းကျောင်းရဲ့နံပါတ်တစ် ရယ်စရာပဲ ဖြစ်လာလိမ့်မယ်။

ဟော့ရှန်ကတော့ ဒေါသကြောင့်သူ့မျက်လုံးတွေပိုပြူးလာတာကို စိတ်ဝင်တစားကြည့်နေတယ်၊
" အိုး...မင်းက ဒီလိုပုံစံမျိုးမကြိုက်ဘူးပေါ့... "

ချောင်ရှောင်ဟာ ဒေါသကြောင့် တုန်တုန်ယင်ယင်ဖြစ်သွားတယ်၊
" ဘယ်သူက.... "
ဘယ်သူက ဒီလိုမျိုးအချီခံချင်မှာလဲ!

ဟော့ရှန်က သူ့စကားကို အဆုံးသတ်လိုက်တယ်၊
" ကြည့်ရတာ မင်းက မင်းသမီး‌လိုအချီခံရတာကို ပိုကြိုက်တဲ့ပုံပဲ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now