အခန်း(၈၂)

6.6K 1.4K 92
                                    

Unicode

ချောင်ရှောင် ထောင်းရီနှင့် ရုံးခန်းဆီလိုက်သွားခဲ့တယ်။

ထောင်းရီက သူ့အပေါ်အလွန်ကြင်နာပြီး သူ့အတွက် ထိုင်ခုံတစ်ခုံဆွဲယူပေးတယ်၊
" ထိုင် "

ချောင်ရှောင်က အလွန်လိမ္မာရေးခြားရှိစွာ ဝင်ထိုင်လိုက်တယ်။

ထောင်းရီက သူ့ရှေ့က ကလေးကိုကြည့်ကာ သူ့စိတ်ထဲသက်ပြင်းချမိတယ်၊ သူမေးလိုက်တယ်၊
" မင်းရဲ့စာမေးပွဲတွေကို တွေ့တယ်မလား "

ချောင်ရှောင်မှာ သူ့ခေါင်းကိုမမော့ရဲ‌၊
" ဟုတ်ကဲ့ "

ထောင်းရီက ပြောလေတယ်၊
" မင်းက စာအတော်ကြိုးစားတယ်၊ ဆရာတွေအကုန် မင်းကိုခဏခဏချီးကျူးနေကြတာ၊ အလွတ်ရေးဖြေစာမေးပွဲတွေမှာလည်း မင်းအမှတ်တွေကောင်းတာပဲ၊ ဘာလို့နောက်ဆုံးစာမေးပွဲကျမှ... "

အကယ်၍ ချောင်ရှောင်က မသိနားမလည်ပြီးစာညံ့တဲ့ကျောင်းသားတစ်ယောက်သာဆို သူ့ကိုတည်ကြည်လေးနက်စွာပြုမူရန် သွန်သင်ဆုံးမဖို့ သူက ဆူပူကြိမ်းမောင်းပစ်လိုက်မှာ။

ဒါပေမဲ့ ဒီကလေးက ရိုးသားပြီးနာခံမှုရှိတဲ့ ကလေးတစ်ယောက်ဖြစ်နေတယ်၊ သူ၏လုံ့လဝီရီယနှင့်စိတ်အားထက်သန်မှုက ချင်စုနှင့်ပင် ယှဉ်နိုင်လောက်တယ်။

ဒီလိုစာကြိုးစားတဲ့သူ့အတွက် တကယ်တမ်း စာမေးပွဲကျ နောက်ဆုံးနေရာမှာပဲ အဆုံးသတ်သွားရတာက တကယ်လက်ခံနိုင်ဖွယ်ရာမရှိ။

ထောင်းရီက သူ့ကိုတီးခေါက်ကြည့်ရန် ကြိုးစားလိုက်တယ်၊
" စာမေးပွဲဖြေနေတုန်း စိတ်ပူနေတာလား "

ချောင်ရှောင် ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်တယ်၊
" ကျွန်တော် ကောင်းကောင်းမဖြေနိုင်ခဲ့တာပါ "

တိတ်‌ဆိတ်မှုကို ဘယ်လိုကြောက်ရွံ့တယ်ဆိုတဲ့အကြောင်း သူပြောမထွက်နိုင်ခဲ့ပေ၊ သနားကရုဏာကို သူမလိုအပ်သလို အထူးအရေးပေးမှုကို ပိုလို့တောင်မလိုအပ်သေးပေ၊ သူအလိုအပ်ဆုံးက သူ့ထူးခြားကွဲပြားမှုကို ဘယ်သူမှမသိစေဖို့၊ သူ့ကို သာမန်လူတစ်ယောက်လိုဆက်ဆံဖို့နဲ့ သူ့ကိုယ်သူရင်ဆိုင်နိုင်မယ့်ပတ်ဝန်းကျင်တစ်ခုပေးဖို့ပါပဲ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now