အခန်း(၈၁)

7K 1.4K 187
                                    

Unicode

သင်္ချာဘာသာအဖွဲ့အစည်းပြိုင်ပွဲ၏ခေါင်းစဉ်တွေက မခက်ခဲပေ၊ သူလွတ်သွားသည့်တစ်ပုဒ်ကလွဲရင် ကျန်တဲ့အပုဒ်အားလုံးကို ချောင်ရှောင် ကောင်းကောင်းဖြေခဲ့ပါတယ်။

အထူးသဖြင့် နောက်ဆုံးမေးခွန်းပင်၊ ဖြစ်နိုင်သည်က သင်ယူခြင်းနတ်ဘုရားအနားမှာပဲ အမြဲရှိနေလို့ထင်ပါရဲ့၊ သူ့အကျင့်တွေ သူ့ဆီကူးစပြုလာသောကြောင့် ထိုအပုဒ်ကို အလွန်ရိုးရှင်းတယ်လို့ပင် သူထင်နေမိတယ်။

ကန့်သတ်ထားသောအချိန်မတိုင်မီ အဖြေတွေကိုတင်ပြီးသွားတော့ ချောင်ရှောင်မှာ စိတ်သက်သာရာရသွားတယ်။

ထိပ်ဆုံးမဏ္ဍိုင်က QQ မှတဆင့် ချက်ချင်းဆိုသလို မက်ဆေ့ရှ်ပို့လာ၏၊
" ညီအစ်ကိုရေ၊ အခြေအနေဘယ်လိုလဲ "

ချောင်ရှောင်က အမှန်အတိုင်း ပြန်ဖြေလိုက်တယ်၊
" မေးခွန်းတစ်ပုဒ် မဖြေနိုင်ခဲ့ဘူး "

ထိပ်ဆုံးမဏ္ဍိုင်က သက်ပြင်းချအီမိုဂျီတစ်ခု ပို့လာတယ်၊ ကီးဘုတ်ကိုတတောက်တောက်ခေါက်လို့ သူကပြောလေတယ်၊
" နောက်ဆုံးအပုဒ်မလား၊ အဲ့မေးခွန်းက နဲနဲခက်တယ်ကွ၊ အဲ့ပုစ္ဆာကို ဖြေရှင်းနည်းနှစ်မျိုးနဲ့ကြိုးစားကြည့်ပေမယ့် အဖြေမရဘူး၊ နောက်တော့ ဆက်ဆွဲမျဉ်းကို မှားဆွဲထားမိတယ်ဆိုတာ သိလိုက်ပေမယ့် အချိန်ကုန်သွားတယ်လေ၊ မတတ်နိုင်ဘူး အမှတ်တွေလျော့ကုန်ရုံပေါ့! "

QQ မှာ သင်္ချာသင်္ကေတတွေရိုက်ရန်အဆင်မပြေသည့်အတွက်ကြောင့်သာ မဟုတ်ရင် သူက ထိုတွက်ပုံတွက်နည်းတွေကို ချောင်ရှောင်အတွက် ချက်ချင်းတွက်ပြပေးလောက်တယ်။

ချောင်ရှောင် သူ့ကိုမေးလိုက်တယ်၊
" ဆက်ဆွဲမျဉ်းကို မင်းဘယ်လိုဆွဲလိုက်တာလဲ "

ထိပ်ဆုံးမဏ္ဍိုင် : " AH နဲ့ AG ဆက်ထားတာကိုမှ K ကိုဆက်ဆွဲရမှာ မဟုတ်ဘူးလား? "

အဲ့ဒါမမှန်ဘူးလို့ ချောင်ရှောင် သူ့ကိုပြောပြလိုက်ချင်တယ်၊ ခဏလောက်စဉ်းစားပြီး သူ့အကြမ်းစာရွက်ကိုဓာတ်ပုံရိုက်ပို့ရန် ဆုံးဖြတ်လိုက်တယ်။

မိနစ်ဝက်မျှအကြာတွင် ထိပ်ဆုံးမဏ္ဍိုင်က အာမေဋိတ်သင်္ကေတတသီတတန်းကြီးကိုပို့လာပြီး ပြောလာချေ၏၊
" ညီအစ်ကိုရေ၊ မင်းဖြေရှင်းခဲ့တယ်ပေါ့! မင်းတကယ်အဖြေမှန်ရတာပဲ၊ လခွမ်း လက်စသတ်တော့ AD ကနေ AE ကိုဆွဲရတာကွ၊ ငါက ပြောင်းပြန်ကြီးဆွဲမိသွားတာ! "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now