အခန်း(၇၈)

6.3K 1.4K 117
                                    

Unicode

ဖြစ်ချင်တော့ သူတို့နှစ်ယောက်လုံးက ပြိုင်တူပြောလိုက်မိတာကြောင့် တစ်ဖက်လူပြောတာကို နှစ်ယောက်လုံးနားမလည်ကြပေ။

ဟော့ရှန် ကြားလိုက်ရတဲ့စကားလုံးတွေက 'တောင်းပန်ပါတယ်' နဲ့‌နောက်ပြီး ... 'ကြိုက်တယ်' ဆိုလား။

ချောင်ရှောင်က သူ့ကိုကြိုက်နေတာလား။

ဒါဘယ်လိုဖြစ်နိုင်ပါ့မလဲ။

ချောင်ရှောင်က ပိုပြီးဆိုးပါသေးတယ်၊ ဝါကျရဲ့ဒုတိယတစ်ဝက်က အဆိုးဝါးဆုံးစကားလုံးလေးလုံးကို ကြားလိုက်ရတာ — ငါမင်းကိုမကြိုက်ဘူး။

ဟိုးအရင်ကတည်းက သူ့ကိုယ်သူ ပြောခဲ့ဖူးသော်လည်း တကယ်တမ်းကြားလိုက်ရတာက ချောင်ရှောင်၏အသက်ရှူသံကို တုံ့ခနဲရပ်တန့်သွားစေတယ်။

သူဘာတွေလုပ်နေတာလဲ၊ သူ့ဘဝကိုမနှောင့်ယှက်တော့ဖို့ သူဆုံးဖြတ်ထားပြီးသားမဟုတ်လား၊ သူဘာလို့များဒီကိုမဆင်မခြင်‌ပြေးလာခဲ့ရတာလဲ။

ဟော့ရှန်က သူတွေ့ခဲ့တဲ့လူကောင်းတစ်ယောက်လို့ ပြောဖူးတာကြောင့်နဲ့လား။

သူက လူကောင်းတစ်ယောက်ဖြစ်နေရင်ရော ဘာအရေးလဲ။

သူက အဲ့လိုကောင်းတာမျိုးမှ မဟုတ်ဘဲ။

ချောင်ရှောင်၏ခေါင်းမှာ တကျည်ကျည်ဆူညံသံများနှင့်သာ ပြည့်နှက်လို့နေတယ်၊ သူ ဒီနေရာမှာ တစ်စက္ကန့်ကြာအောင်ပင် ဆက်မနေနိုင်တော့တာကြောင့် လှည့်ထွက်ခဲ့တော့တယ်။

ဟော့ရှန်က သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလာချေ၏။

ချောင်ရှောင် သူ့ခြေထောက်တွေကို မလှုပ်နိုင်တော့ပေ၊ သူ့ဘဝတစ်လျှောက်လုံးမှာ ဒီလိုတစ်ခါမှမရှက်ရွံ့ခဲ့ဖူးဘူး။

" ကျောင်း... "
ချောင်ရှောင်၏လည်ချောင်းမှာ ခြောက်သွေ့သွားရတယ်၊
" ကျောင်းစဖွင့်ရင် ထိုင်ခုံလဲပေးဖို့ ငါခွင့်တောင်းလိုက်မယ်၊ ငါမင်းကိုမနှောင့်ယှက်ပါဘူး ... "

ဟော့ရှန်၏လက်တွေက မရည်ရွယ်ဘဲ တင်းကျပ်မိသွားတယ်၊ သူ့အသံက တိုးလျနေကာ မသိရင် သူက ‌အိပ်ပျော်နေစဉ် စကားပြောနေသည့်အလား၊
" ခုနကမင်းဘာပြောလိုက်တာလဲ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now