အခန်း(၉၄)

6.1K 1.3K 89
                                    

Unicode

ရှင်းဟွာတက္ကသိုလ်က ဝင်ခွင့်ရဖို့ အဲ့လောက်လွယ်လားဟ? ကြည့်ရတာ S မြို့မှာပါရမီရှင်တွေအများကြီးရှိတယ်နဲ့တူတယ်။

ဒီအတွက်ကြောင့် ချောင်ရှောင်မှာ ဒီရှဲ့မိသားစုရဲ့သခင်လေးအပေါ်အထင်အမြင်ကောင်းတွေ ပိုပြီးရှိလာခဲ့ပြီ၊ သူပြောလိုက်တယ်၊
" ဒါအံ့ဩစရာမကောင်းဘူးလား၊ ဘာလို့ပုံမှန်မဟုတ်တာဖြစ်ရမှာလဲ "

ချောင်စုန့်မင်ကပြောလာတယ်၊
" အဖေအမြင်မမှားတာ သေချာတယ်၊ အဲ့ကလေးက အမုန်းတရားတွေပြည့်နေတာ "

ချောင်ရှောင်မျက်မှောင်ကြုပ်မိတယ်၊
" ဘယ်သူ့ကိုမုန်းတာလဲ? "

ချောင်‌စုန့်မင်ကပြန်ပြောတယ်၊
" လူတိုင်းကို "

သူက တစ်ကမ္ဘာလုံးကိုမုန်းတီးနေတယ်လို့ပဲ ပြောလိုက်ပါတော့လား! ချောင်ရှောင်က ခေါင်းစဉ်ကိုပြန်ပြောလိုက်တယ်၊
" ဖေဖေ၊ အခုဆို သူက အရွယ်ရောက်ချိန်‌တောင်ကျော်နေပြီလေ၊ သူအရွယ်ရောက်နေလောက်ပြီ "

ချောင်စုန့်မင်က မရှင်းပြတော့ဘဲ ရိုးရိုးတန်းတန်းပဲပြောတယ်၊
" ဟုတ်ပါပြီ၊ ဘာပဲဖြစ်ဖြစ် သူနဲ့ဝေးဝေးနေသင့်တယ် "

ချောင်ရှောင်အတွက်ကိစ္စမရှိပေ၊
" အမ်၊ ကျွန်တော်နှုတ်ဆက်စကားပြောပြီး သူ့ကိုလျစ်လျူရှုလိုက်မယ်လေ "

ချောင်စုန့်မင်က ခေါင်းညိတ်ပြပြီး ထပ်မပြောတော့ပေ။

အဲ့ဒီရှဲ့မိသားစုက ကလေးက သူ့အပေါ်နက်ရှိုင်းတဲ့ထင်မြင်ချက်တစ်ခုချန်ထားခဲ့တယ်၊ သူ့ကိုအကြိမ်အနည်းငယ်ပဲတွေ့ဖူးပေမယ့် အကြိမ်တိုင်းမှာသူ့ကိုစိုးရိမ်ပူပန်စေတယ်။

ရှဲ့မိသားစုရဲ့‌အခြေအနေကို သူတီးမိခေါက်မိရှိတယ်၊ ရှဲ့ရုံယိရဲ့အတွေးအခေါ်က ဖန်တရာတေနေပြီး ခေတ်မမီတော့ဘူး၊ သူအလိုရှိသမျှက သူ့စီးပွားရေးလုပ်ငန်းအင်ပါယာကို ရှေ့ဆက်ရန်ပဲ၊ သူ့သား၊ ရှဲ့ချန်ယွိက အသုံးမကျတဲ့သူဖြစ်တဲ့အတွက် သူ့မျှော်လင့်ချက်အားလုံးကို သူ့တစ်ဦးတည်းသောမြေးအပေါ်မှာပဲပုံအောထားခဲ့တယ်။

ဒီကလေးက တကယ့်ကိုထူးချွန်လှတယ်၊ သူက အရာအားလုံးကို အလျင်အမြန်သင်ယူပြီး ကြောက်စရာကောင်းလောက်အောင်ဉာဏ်ကောင်းတယ်၊ ဒီလိုဉာဏ်ကြီးရှင်မျိုးက သာမန်မိသားစုတစ်ခုမှာမွေးဖွားလာခဲ့ရင် ကောင်းတဲ့အရာတစ်ခုဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ရှဲ့မိသားစုမှာမွေးဖွားလာခဲ့ရတော့ ရိုးရှင်းစွာပဲ ကြီးကျယ်တဲ့အပြစ်တစ်ခုဖြစ်သွားခဲ့တယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now