အခန်း(၁၀၄)

6.5K 1.4K 133
                                    

Unicode

ချောင်ရှောင်မှာ ဒီကောင်းတဲ့အချက်တွေအများကြီးကို သာ့ချောင်ကိုဦးနှောက်ကျင်း(Brainwash)ရအောင် ပြောခဲ့တာဖြစ်ပေမယ့် အဲ့ဒီလူကိုယ်တိုင် ကြားသွားဖို့တော့ မရည်ရွယ်ခဲ့ချေ၊ အခု ဟော့ရှန်က တံခါးဝမှာရပ်နေမှန်း သိသွားတော့ သူ့ကိုသေလောက်အောင်ရိုက်နှက်ရင်တောင် ဒီကရုဏာသက်စရာစကားတွေကို ပြောနိုင်မှာမဟုတ်တော့ပါဘူးနော်! ချောင်ရှောင် သိပ်ရှက်နေမိပါပြီ!

ဟော့ရှန်က ရွှဲရွှဲစိုနေတာကို အလျင်အမြန်မြင်သွားပြီး သူ့ရှက်ရွံ့နေမှုက ချက်ချင်း ပျောက်ကွယ်သွားရတယ်၊ ချောင်ရှောင် ထရပ်ပြီး မေးမြန်းရန်အလို့ငှာ သူ့ဆီလျှောက်သွားလိုက်တယ်၊
" ဘယ်လိုဖြစ်လို့ မိုးမိလာတာလဲ? "

ဟော့ရှန်ရဲ့နှုတ်ခမ်းပါးတွေ လှုပ်သွားပြီး စကားလုံးတွေက သူ့ပါးစပ်ဖျားကို တဟုန်ထိုးရောက်လာခဲ့ပေသိ သူ ဘာမှမပြောနိုင်‌ခဲ့ချေ၊ သကြားစတွေက သူ့လည်ချောင်းမှာ ကပ်နေသည့်နှယ်။

ချောင်ရှောင်ပြောလိုက်တယ်၊
" မြန်မြန်ရေချိုးလိုက်၊ မင်းအဝတ်အစားတွေကိုလဲပစ်ရမယ်၊ ဒီနေ့ ရာသီဥတုက အေးနေတာကို မင်း‌ အအေးမိတော့မှာပဲ "

ပြောပြီးသွားတာနဲ့ သူက မျက်မှောင်ကြုပ်လိုက်ပြီး၊
" ဒီမှာ ဘာဖြစ်ထားတာလဲ? "
ဟော့ရှန်ရဲ့ဆံပင်ကိုလက်လှမ်းဖို့ သူ့မှာခြေဖျားထောက်လိုက်ရတယ်၊ သူ့နဖူးထက်က ဆံပင်စိုစိုတွေကို ဘေးသို့လှန်တင်လိုက်တော့ အဲ့ဒီမှာ အတော်‌အတန်ကြီးမားတဲ့ဒဏ်ရာတစ်ခု ရှိနေတယ်။

မိုးရေက သွေးတွေကိုဆေးကြောသွားခဲ့ပေမယ့်လို့ ရေတွေဝင်သွားတဲ့အတွက် ဒဏ်ရာက ပိုပြီးဆိုးဝါးသွားပုံပေါ်နေတယ်။

ဟော့ရှန်က ကွဲအက်အက်အသံဖြင့် ပြောလာတယ်၊
" ဘာမှမဖြစ်ပါဘူး "

ချောင်ရှောင်က မျက်မှောင်ကြုပ်ပြီး ဘယ်လိုလုပ်ဒီလောက်အမှုမဲ့အမှတ်မဲ့နိုင်ရတာလဲလို့ မေးခါနီးမှာ သူ့အဖေပြောလာတဲ့စကားကို ကြားလိုက်ရချေတယ်၊
" ငါ သူ့ကို ဆေးလိပ်ပြာခွက်နဲ့ ‌ကောက်ပေါက်လိုက်တာ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now