အခန်း(၁၂၂) - ဆယ်နှစ်ကြာပြီးနောက်(၅)

10.2K 1.3K 88
                                    

Unicode

နေ့တိုင်း အဲ့အကြောင်းပဲ တွေးနေပြီး ညတိုင်း အဲ့အကြောင်းပဲ အိမ်မက်မက်နေမိတယ်လို့ ပြောကြတယ်၊ မဟုတ်မှ ဟော့ရှန်ရဲ့နေ့ရက်‌တွေက အမှုကိစ္စကင်းမဲ့လွန်းနေတာများ ဖြစ်နိုင်မလား?

ချောင်ရှောင် သူ့ကိုယ်သူ နည်းနည်းလောက် အလေးအနက်စဉ်းစားကြည့်လိုက်တယ်၊ သူသိရှိလိုက်ရသည်က သူဟာ တကယ်ကို သိပ်တက်ကြွမှုမရှိဘူး*ဆိုတာပါပဲ၊ အကြိမ်တိုင်းလိုလို ဟော့ရှန်ကပဲ...

[T/N: အစပျိုးတဲ့သူမဟုတ်ဘူးလို့ ဆိုလိုတာပါ၊ ဘာကိုအစပျိုးသလဲဆိုတာတော့ သိကြတယ်မလား →_→]

အား၊ တော်လိုက်တော့၊ ချောင်ရှောင် စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်သွားတယ်၊ သူ ဘယ်လိုလုပ် အစပျိုးရဲပါ့မလဲ? သူ အစမပျိုးရင်...အစမပျိုးဘူးဆိုရင်...

လုံးဝမဖြစ်နိုင်ဘူး၊ လက်တွေ့ဘဝမှာလည်း လုံးဝဖြစ်နိုင်မှာမဟုတ်ဘူး၊ အဲ့ဒါပိုကောင်းလိမ့်မယ်...

ချောင်ရှောင် စိတ်ကူးတစ်ခုရသွားတယ်၊ သူ့အိမ်မက်ထဲက တစ်စုံတစ်ယောက်ကို အလျော်ပေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ဘာပဲဖြစ်ဖြစ် အိမ်မက်တစ်ခုပါပဲလေ၊ အဲ့ဒါက ဟော့ရှန်ကို ပျော်ရွှင်စေလောက်မှာပါ။

ချောင်ရှောင် သူ့ဖုန်းကိုချကာ သူ့ကိုလှည့်ကြည့်လိုက်တယ်။

ဟော့ရှန်ကလည်း သူ့ကိုကြည့်နေလေရဲ့။

ချောင်ရှောင် သူ့ဘေးကိုတိုးသွားလိုက်တယ်၊ ဟော့ရှန်က နှစ်နှစ်ကာကာ ပြုံးလို့ သူ့ကျောင်းလွယ်အိတ်ကို မြှောက်တယ်၊ ချောင်ရှောင်က သွက်သွက်လက်လက်ပဲ သူ့ခေါင်းကို သူ့ခြေထောက်ပေါ်မှီအိပ်လိုက်တယ်။

ဒီလူ့ဝါသနာက ဘယ်လိုကြီးလဲ၊ ချောင်ရှောင် သူ့နှုတ်ခမ်းပါးများကို ကွေးညွတ်လို့ အပြုံးတစ်ပွင့်ဖြစ်တည်စေကာ တွေးလိုက်တယ်၊ ဟော့ရှန်က သူ့ခြေထောက်တွေထုံထိုင်းသွားဖို့ လိုလားနေမှတော့ ထုံကျင်နေပါစေတော့!

အိမ်မက်ထဲက နာရီဝက်က သဘာဝကျစွာပဲ တကယ့်နာရီဝက်မဟုတ်ခဲ့ပေ၊ သူ့မျက်လုံးတွေမှိတ်လိုက်ရုံရှိသေး ကျောင်းရောက်သွားသလို ခံစားလိုက်ရတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now