အခန်း(၁၀၆)

6.2K 1.4K 94
                                    

Unicode

သူတို့က ဆိုဖာပေါ်မှာထိုင်နေကြပြီး ဒိုင်ယာရီစာအုပ်ကို ကော်ဖီစားပွဲပေါ်မှာတင်ထားတယ်။

ဟော့ရှန်က ဘောပင်ကိုင်ထားပြီး အလျားလိုက်မျဉ်းကြောင်းတွေကိုစိုက်ကြည့်နေကာ စာလုံးတစ်လုံးမှမရေးနိုင်ဘဲဖြစ်နေတယ်။

အမွေအနှစ်ဒိုင်ယာရီ ... ချောင်ရှောင်ရဲ့အမေ ထားရစ်ခဲ့တဲ့ ရတနာ၊ နွေးထွေးတဲ့မိသားစုက ပိုင်ဆိုင်တဲ့ ရတနာတစ်ခုဖြစ်ပြီး အခု သူက အဲ့ဒီထဲမှာရေးနိုင်နေပြီ။

ဒါကိုတွေးမိတော့ ဟော့ရှန်ရဲ့လက်က အနည်းငယ်တုန်ယင်လာရတယ်။

ချောင်ရှောင်က သူ့ကို‌စိတ်ရှည်ရှည်နဲ့စောင့်နေတယ်။

ဟော့ရှန်က နောက်ဆုံးမှာ ဘောပင်ကို စာရွက်ပေါ်ထောက်ချလိုက်တဲ့အခါ ဖောင်တိန်ထိပ်ဖျားက မှင်တွေ စာရွက်ပေါ်သို့အံကျလာတဲ့အခိုက်အတန့်၊ ဒီအခိုက်အတန့်မှာ သူ့ရင်ဘတ်ထဲ အပူတွေနဲ့ပြည့်နှက်သွားသလို ခံစားလိုက်ရပါတယ်။

" ဟေး... "
ချောင်ရှောင်ပြောလိုက်တယ်၊
" ဖောင်တိန်ထိပ်ဖျားက စာရွက်ကိုဖောက်သွားတော့မယ်လေ! "

ဟော့ရှန် ဝမ်းနည်းပက်လက်ဖြစ်နေတာကနေ အလျင်အမြန် ရပ်တန့်သွားတယ်၊ သူက ဘောပင်ကို အလျင်စလိုမြှောက်လိုက်မိတယ်၊ ပထမဆုံးအကြိမ် စာရေးရန်သင်ယူနေတဲ့ မူလတန်းကျောင်းသားတစ်ယောက်နဲ့ တစ်ပုံစံတည်းပါပဲ။

ချောင်ရှောင်က သူ့ကြောင့် ရယ်စရာတွေ့သွားတယ်၊
" မင်းဘာလို့ဒီလောက်စိတ်လှုပ်ရှားနေတာတုန်း? "

ဟော့ရှန် : " ... "

ချောင်ရှောင်က သူ့ကိုစနောက်တော့တယ်၊
" စာမေးပွဲအဖြေလွှာတွေကို အမှတ်ပြည့်ဖြေနိုင်တဲ့ သင်ယူခြင်းနတ်ဘုရားက စိတ်လှုပ်ရှားတတ်သေးတယ်တဲ့လား? "

ဟော့ရှန်က သက်ပြင်းဖွဖွချပြီး ဖြည်းဖြည်းချင်းပြောလာတယ်၊
" ကိုယ် ဘာရေးရမှန်းမသိဘူး "

မတိုင်မီက သူ့မှာ ပြီးပြည့်စုံတဲ့အိမ်ပင် မရှိခဲ့ဖူးဘူး၊ ဒီလိုအံ့ဩစရာကောင်းတဲ့စာအုပ်တစ်အုပ်မှာ ဘာရေးရမလဲဆိုတာ သူ ဘယ်လိုလုပ်သိပါ့မလဲ?

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now