အခန်း(၅)

10.2K 1.9K 48
                                    

Unicode

ဟော့ရှန်က ပူတာကြောင့် နိုးလာတယ်။

ငါမအိပ်ခင်က လေအေးပေးစက်ကို‌ဖွင့်ခဲ့ပါတယ်၊ ဘာလို့အရမ်းပူနေသေးတာလဲ။

သူမျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့မှာစောင်အပိုတစ်ထည်ရှိ‌နေတာကို တွေ့ရတယ်၊ အပြာရောင်စောင်က အရမ်းမထူဘူး၊ ဒါပေမယ့် လေအေးပေးစက်ဖွင့်ပြီးအိပ်ဖို့လိုတဲ့တစ်စုံတစ်ယောက်အတွက်တော့ အဲ့ဒါကသည်းမခံနိုင်လောက်အောင် ပူတယ်။

သူက စောင်ကိုမလိုက်တယ်၊ သူ့အမူအရာကတော့ ကြည့်ဖို့ကြောက်စရာကောင်းနေတယ်။

လူတိုင်းက ဟော့ရှန်ဟာ တစ်နှစ်ပတ်လုံးကောင်းကောင်းမအိပ်ရတာကိုသိကြတယ်၊ အဲ့ဒါကြောင့် အထူးသဖြင့်သူအိပ်ဖို့ကြိုးစားနေချိန်မှာ နိုးလာရလို့ ဟော့ရှန်က အလွန်ဒေါသထွက်နေတယ်။

အခုချိန်မှာတော့ သူ့ပတ်လည်ကလေထုကတင်းမာပြီးခက်ထန်နေတယ်၊ ဘယ်သူက သူအိပ်နေတာကိုလာနှောင့်ယှက်လဲဆိုတာ သူသိချင်ပါရဲ့။

ဟော့ရှန်က ‌သူ့ဘေးအိပ်ရာမှာလှဲနေတဲ့ ပုဇွန်လုံးလေးကိုတွေ့လိုက်တယ်။

အဲ့လိုတွေးမိလို့ သူ့ကိုအပြစ်ပြောလို့မရဘူး၊ ကောင်လေးက ဘောလုံးလေး‌လိုကွေးနေတာ၊ အခွံချွတ်ထားတဲ့ပုဇွန်လုံးလေးအတိုင်းပဲ။

အဲ့လိုအိပ်ရအောင် သူကဘယ်လောက်တောင်စိတ်မချဖြစ်နေလို့လဲ။

သူက ထိုသို့တွေးမိတော့ ဟော့ရှန်ရဲ့ဒေါသတွေက ရုတ်တရပ်ပျောက်ကွယ်‌သွားတော့တယ်။

Ding...Ding...Ding

ထိုဟာက နေ့လည်နားချိန်ကုန်လို့ ခေါင်းလောင်းတီးတာပဲ။

ဟော့ရှန် သူ့ကိုခေါ်စရာတောင်မလိုဘဲ ပုဇွန်လုံးလေးက ရုတ်တရပ်မျက်လုံးပြူးလာပြီး သူ့ရဲ့ဆံပင်တိုထိုးထိုးထောင်ထောင်နဲ့ ထထိုင်လာတယ်။

ဒီတစ်ခါတော့ ဟော့ရှန်ကသူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရပြီ၊ သူ့မှာ သေးငယ်ပြီးနူးညံ့တဲ့အစိတ်အပိုင်းတွေရှိတယ်၊ သုံးပိုင်းလောက်က ကလေးလေးလိုပဲ၊ ခုနှစ်ပိုင်းလောက်က ဖရိုဖရဲနဲ့ရှုပ်ယှက်ခတ်နေလေရဲ့၊ သူက ပိန်ပါးပြီးသေးလိုက်တာ သေးငယ်တဲ့ကောင်မလေးတစ်ယောက်နဲ့‌တူတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now