အခန်း(၇၄)

6.2K 1.3K 57
                                    

Unicode

ထိုည၌ အကြောင်းအရာများစွာကို သူတွေးနေခဲ့သော်လည်း နောက်တစ်နေ့တွင် ဟော့ရှန်ကိုတွေ့လိုက်ရတဲ့အခါ ချောင်ရှောင်မှာ သူ့ကိုကြည့်ရန် သတ္တိမရှိတော့ပေ။

ဖြစ်ပျက်ခဲ့သည့်အတိုင်း သူ့ကိုစိုက်ကြည့်နေတဲ့သူမှာ ဟော့ရှန်ပင်။

ချောင်ရှောင် ခေါင်းငုံ့လို့ စာအုပ်ကိုဖွင့်နေရင်း၊
" ငါ့ကိုဘာလို့ကြည့်နေတာတုန်း "

ကြည့်နေတာ ရပ်လိုက်ပါတော့! မင်းဆက်ကြည့်နေဦးမယ်ဆိုရင် ရလဒ်တွေထွက်လာတဲ့အထိ ငါမစောင့်နိုင်ဘဲဖြစ်သွားတော့မယ်နော်။

ဟော့ရှန်က သူ့မျက်လုံး‌များကိုကြည့်ကာ မေးလာတယ်၊
" မင်းမျက်လုံးတွေ မို့အစ်နေသလားလို့ "

ချောင်ရှောင် သူ့ကိုလှည့်ကာစိုက်ကြည့်‌ပေးလိုက်တယ်။

ဟော့ရှန်က အသေအချာကြည့်နေပါ၏။

အစတုန်းကတော့ ကလေးလေးရဲ့မျက်လုံးလေးတွေက ဝိုင်းဝိုင်းလေး၊ ဒါပေမဲ့ မနေ့က သူငိုခဲ့တဲ့အတွက် သူ့မျက်ခွံတွေက ပိုဖောင်းလာကာ ဆန့်ကျင်ဘက်အနေဖြင့် သူ၏တောက်ပတဲ့မျက်လုံးလေးတွေကို ပိုပြီးတောင်ဝိုင်းသွားစေတယ်။

အရမ်းချစ်စရာကောင်းတယ်။

ဟော့ရှန် အလွန်ကြည့်လို့ကောင်းတဲ့လူတစ်ယောက်ကို တစ်ခါမှမတွေ့ဖူးဘူး။

ခန့်ညားမနေသလို လှပလည်းမနေပေမယ့် ကြည့်ကောင်းနေခြင်း၊ သူ့မျက်လုံးတွေ၊ နှာ‌‌ခေါင်းနှင့် နှုတ်ခမ်းပါးလေးတွေက သူ့နှလုံးသားထဲ တန်းတန်းမတ်မတ်တိုးဝင်ကာ ထိုနေရာတွင် တို့ဝှေးပူးကပ်လို့‌နေတယ်၊ သူ့ခမျာ ကြည့်မဝ ရှုမဝဖြစ်နေရပါတော့၏။

မမှိတ်မသုန် စိုက်ကြည့်ခံနေရခြင်းက ချောင်ရှောင်ကို အနေရခက်စေတယ်၊
" ငါ့မျက်လုံးတွေ အဲ့လောက်ဆိုးဆိုးဝါးဝါးကြီးဖောင်းနေတာတော့မဟုတ်ဘူးမလားဟင်၊ မင်းငိုရင်လည်း မင်းမျက်လုံးတွေဖောင်းလာလိမ့်မယ်! "

ဒီမနက် သူ မှန်ထဲမှာတစ်ချက်ကြည့်ခဲ့သလောက်တော့ အရမ်းကြီးသိသာမနေပါဘူး၊ သူ့ကိုပန်ဒါတစ်ကောင်လိုမျိုး ကြည့်နေစရာလိုလို့လား။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now