အခန်း(၄၆)

6.6K 1.4K 97
                                    

Unicode

ဝေ့ကျားယွီနှင့်ချင်စုက ထိုထုတ်ပြန်ချက်၏အမှန်တရားကို မတူညီသည့်ရှုထောင့်နှစ်ခုမှ သက်သေပြသွားခဲ့တယ်၊ တစ်ယောက်က ပိုက်ဆံရှိကာ အခြားတစ်ယောက်တွင် ဘာမှမရှိ၊ သို့သော်လည်း သူတို့နှစ်ယောက်က အဖော်မဲ့ကာ အထီးကျန်နေခဲ့ကြတယ်။

ချောင်ရှောင် ဟော့ရှန်ကိုတွေးမိကာ သူ့ကိုလှည့်ကြည့်လိုက်တယ်၊ ကော်ဖီသေးသေးလေးတစ်ငုံကို နည်းနည်းချင်းစီစုပ်သောက်နေသည့်ကောင်လေးကို ‌သူတွေ့လိုက်ရတယ်။

ချောင်ရှောင် သဘောကျသွားလေ၏၊
" ငါမှန်းကြည့်မယ်၊ မင်း အဲ့ထဲကိုသကြားတွေအများကြီးထည့်ထားတာ၊ အခု မသောက်နိုင်တော့ဘူးမလား "

အခု သည်ကော်ဖီခွက်လေးက နဂိုကတည်းက သကြားတစ်ဝက်လောက်ရှိကောင်းရှိနေနိုင်တယ်ကွ!

ဟော့ရှန်က မျက်မှောင်ကြုတ်လာကာ၊
" ခါးနေသေးတယ် "

ချောင်ရှောင် : " ... "
မင်း ဒါကိုမသောက်နိုင်လောက်အောင်တောင် အရမ်းခါးနေလို့လားကွ!

ထို့နောက် သူ့(ဟော့ရှန်)ကို တက်ကြွစေဖို့ဆိုပြီး ဘလက်ကော်ဖီသောက်ရန် သူဘယ်လိုလိမ်လည်ခဲ့တယ်ဆိုတာ သူသတိရသွားတယ်၊ အာ...

ချောင်ရှောင် တော်တော်လေးလိပ်ပြာမလုံစွာ ပြောလိုက်တယ်၊
" ဘယ်လောက်ခါးနိုင်မှာမို့လို့လဲ၊ ငါ့ကိုမြည်းခွင့်ပေးစမ်းပါ "

‌ဟော့ရှန်က ကော်ဖီခွက်ကို သူ့ဆီချက်ချင်းတွန်းပေးလာတယ်။

ချောင်ရှောင် တွေးမိသွားတယ်၊
'သကြားထုပ်တွေက လုံလုံလောက်လောက်မချိုလို့များလား'၊ တကယ်ပဲ ခါးနေသေးရင် သူ သူ့ကိုနောက်ထပ်သကြားတစ်ထုပ်ထည့်ခွင့်ပေးလိုက်ပါမယ်လေ...

ထိုသို့တွေးရင်း ချောင်ရှောင် တစ်ငုံသောက်ကြည့်လိုက်တယ်၊ ထို့နောက်မှာတော့...

မေ့လိုက်တော့!

ဒါကြီးက လူတစ်ယောက်ကိုသတ်လို့ရလောက်အောင် ချိုအီလွန်းနေတာဟ!

ချောင်ရှောင်မျက်နှာမှာ ဆိမ့်အီနေသောအချိုကြောင့် မဲ့သွားလေ၏၊
" ဟော့ရှန်ရှန် နိုးထလိုက်တော့! ဒါကြီးက ချိုလွန်းလို့ အခါးဘက်တောင်ပြောင်းနေပြီကွ! "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now