အခန်း(၄၄)

6.9K 1.3K 144
                                    

Unicode

လော့ရှောင်းက မျက်ခုံးပင့်လိုက်ကာ၊
" မင်းထိုင်ခုံရှေ့ကလူတွေက ကောင်လေးနဲ့ကောင်မလေးမဟုတ်ဘူးလား "

သူနှင့်ဝေ့ကျားယွီက တစ်တန်းတည်းပင်၊ သူက အတန်းထဲမှာ အချိန်ခဏတာသာ ရှိသော်လည်း အကြမ်းဖျင်းအခြေအနေကိုတော့ သူသိပါသေးတယ်။

ဝေ့ကျားယွီက ညင်သာစွာ ပြောလိုက်တယ်၊
" ရှောင်းကော၊ လီချင်းကလေ နည်းနည်းပုကောင်းပုနိုင်ပေမယ့် သူက ယောက်ျားစစ်စစ်ကြီးဗျ "

လော့ရှောင်း : " အို၊ ငါရှင်းရ‌ှင်းလင်းလင်းမမြင်လို့ "
သူက သူ့အမြင်ကန်းခြင်းနှင့်ပတ်သတ်ပြီး အမြဲပွင့်လင်းနေခဲ့သော်လည်း ဘယ်သူကမှမမေးရဲပေ။

ဝေ့ကျားယွီခဗျာ တစ်ခဏလောက် ဘာပြောရမှန်းမသိဖြစ်သွားတယ်၊ သူတို့က တစ်တန်းတည်းမှာရှိနေခဲ့ကြတာ နှစ်ဝက်ကျော်ကြာပြီဖြစ်သော်လည်း လော့ရှောင်းက တကယ်ပဲ ဒီလိုလူကြီးတစ်‌ယောက်ကို မိန်းကလေးနဲ့လူချင်းမှားတယ်ပေါ့လေ၊ လီငပိန်ချင်းအတွက် သူရုတ်တရပ်စိတ်မကောင်းဖြစ်မိသွားတယ်။

အာ? ဒါသာ ဒီလိုဆိုရင် ဖြစ်နိုင်တာက ... ဝေ့ကျားယွီအတွက်တော့ ကံကောင်းခြင်းရောက်လာသောအခါ စိတ်ကကောင်းကောင်းအလုပ်လုပ်သည်ဟုဆိုသလိုပဲ၊ နောက်ဆုံးတော့ လော့ရှောင်းတစ်ယောက် ချောင်ရှောင်ကို ဘာလို့သဘောကျသလဲဆိုတာ သူနားလည်သွားချေပြီ! ဘာကြောင့်လဲဆို သူက ဆင်းရဲသားတစ္ဆေလေးကိုလည်း မိန်းကလေးတစ်ယောက်ဟု အထင်မှားသွားတာကြောင့်ပဲဖြစ်ရမယ်!

ဝေ့ကျားယွီ အမြန်ပြောလိုက်တယ်၊
" ရှောင်‌းကော! ချောင်ရှောင်ကလည်း ယောက်ျားလေးတစ်ယောက်နော်! "

လော့ရှောင်းက အရူးတစ်ယောက်လို သူ့ကိုကြည့်လာကာ၊
" လာမနောက်နဲ့ "

ဝေ့ကျားယွီ : " ? "

" သူသာ မိန်းကလေးဆိုရင် ဘယ်လိုလုပ်မင်းနဲ့အခန်းဖော်ဖြစ်မတုန်း "
လော့ရှောင်းက လင်းနို့ကဲ့သို့ကန်းလုနီးနီးဖြစ်နေနိုင်ပေမယ့် သူ့ဦးနှောက်က ကောင်းကောင်းအလုပ်လုပ်ပါတယ်။

ဝေ့ကျားယွီ : " ............ "
ဒါဖြင့် ကြည့်ရတာ ရှောင်းကောက ဆင်းရဲသားတစ္ဆေလေးနဲ့ အဟုတ်ကို ချစ်ကျွမ်းဝင်နေတဲ့ပုံပဲ။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now