အခန်း(၇၉)

6.5K 1.4K 88
                                    

Unicode

မီးဖိုချောင်ထဲမှာရှိနေတဲ့ ဟော့ရှန်ကို ချောင်ရှောင် တစ်ချက်ချောင်းကြည့်လိုက်တယ်၊ အဲ့လူကြီးသတိထားမိသွားပြီလား မသိ။

မီးဖိုချောင်ထဲတွင် ဟော့ရှန်က ပါဝင်ပစ္စည်းတွေကို အသင့်ပြင်နေတယ်၊ ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာကိုသိတဲ့ ယောက်ျားတစ်ယောက်က အကြည့်ကောင်းဆုံးပဲလို့ ဆိုတဲ့ကြော်ငြာတစ်ခုကို ချောင်ရှောင်သတိရမိသွားတယ်။

ထိုအချိန်တုန်းက ချောင်ရှောင်သ‌ဘောမတူခဲ့ပေ၊ ဒါပေသိ အခုမြင်နေရတော့...

သူက တကယ်ကြည့်ကောင်းတယ်ဟ!

နေစမ်းပါဦး၊ ဟော့ရှန်က ကြည့်မကောင်းတဲ့အချိန် ဘယ်အချိန်ရှိလို့တုန်း။

အမ်......

ချောင်ရှောင် သူ့ဦးနှောက်ကို အချိန်အတော်ကြာအလုပ်ပေးလိုက်ပြီးနောက် ဒါက တကယ့်ကိုအဓိပ္ပာယ်မရှိတာပဲလို့ တွေးမိသွားတယ်၊ ဦးနှောက်‌ရေ တွေးနေတာရပ်လိုက်ပါတော့ဟ!

သူ့ကိုယ်သူ မှန်ထဲမှာကြည့်ပြီး ဟော့ရှန်ဆီမှာ ဖွင့်ဟဝန်ခံလိုက်တာကောင်းမယ်လို့ တွေးမိတယ်။

တကယ်လည်း သူက ချောင်စုန့်မင်ရဲ့တစ်ဦးတည်းသောသားလေ၊ ဒါက ဟာသမှမဟုတ်ဘဲ။

လျှပ်တစ်ပြက်ဆိုသလို တစ်ယောက်သောပေါက်လွှတ်ပဲစားလူငယ်လေး၏လုံးဝလေးစားချင်စရာမကောင်းတဲ့စကားက သူ့စိတ်ထဲ ပေါ်လာချေ၏၊
" လောင်ချောင်၊ မင်းညီအစ်ကိုရဲ့အကြံဉာဏ်ကို နားထောင်၊ သာမန်မိသားစုက မိန်းက‌လေးတစ်ယောက်ကို ဘယ်တော့မှမချစ်မိစေနဲ့၊ သူမက ဘယ်လောက်ပဲ မင်းကိုချစ်ချစ် အချိန်တန်ကျ ထားသွားဦးမှာပဲကွ "

ထိုသူမှာ အရွယ်မရောက်သေးသူဖြစ်လင့်ကစား သူ့ကိုယ်သူ စက်ဆုပ်ဖွယ်လူတစ်ယောက်အဖြစ် ထုတ်ဖော်ပြောနေပြီဖြစ်တဲ့ သူ့ကလေးဘဝကစားဖော် ကျောက်ဖူယွိ ပါပဲ။

ကျောက်ဖူယွိက ဝမ်းနည်းပက်လက် ပြောလေတယ်၊
" သူမက ငါ့ကိုတကယ်ချစ်တာကွ၊ ငါ့ပိုက်ဆံကိုချစ်တာမဟုတ်ဘူးဆိုတာ ငါသိပေမယ့် သူမက အဲဒီ့သိမ်ငယ်တဲ့ခံစားချက်ကြီးကိုမဖယ်ရှားနိုင်ဘူးကွာ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now