မိတ်​ဆက်

4.7K 152 2
                                    

ရှီရှန်းက author ပါ။ အလွန်စိတ်ပုပ်တဲ့ author ပေါ့။ cliffhanger တွေလည်းကြိုက်တယ်။ တချို့ web novel တွေဆို ပြီးအောင်မရေးဘဲ တန်းလန်းထားခဲ့တာတွေလည်း အများကြီးပဲတဲ့။

ဒါ့အပြင် ရှီရှန်းဟာ သူ့အဓိကဇာတ်ကောင်တွေကို သတ်လေ့ရှိပါတယ်။ သူ့ကိုယ်သူ မိထွေးဆန်တဲ့ author လို့ခေါ်ပြီး၊ အဓိကဇာတ်ကောင်တွေအပေါ် သိပ်ကောင်းလွန်းတဲ့ author တွေကိုတော့ သူက မိခင်ရင်း author တွေလို့ ငေါ့ပါတယ်။ ဒါက သူ့အလုပ်အကိုင်နဲ့ အကျင့်ပုပ်ပုံပါ။ ဒီလို ဆိုးလွန်းတဲ့ ရှီရှန်းတစ်ယောက် ဝဋ်လည်/အပြစ်ပေးဆပ်ဖို့ အချိန်ရောက်လာခဲ့ပါတယ်။

အဲ့ဒါကတော့....
မိခင်ရင်း author တွေ ဘက်လိုက်လွန်းလို့ ဘဝပျက်သွားတဲ့ villain တွေ သေဆုံးသွားတဲ့အခါ နာကျည်းမှုတွေကြောင့် အဆိုပါ စာအုပ်ထဲက လောကဟာ ပျက်စီးရတယ်တဲ့...
ရှီရှန်းအလုပ်က သူတို့မသေခင် နာကျည်းစွာ တောင်းခဲ့တဲ့ ဆန္ဒကို သူတို့ကိုယ်စား ဖြည့်ဆည်းပေးဖို့ပါ။

Author Mo Ling ရေးထားပြီး fantranslationsblog.wordpress.com က English လို ဘာသာပြန်ပေးထားပါတယ်။ wattpad မှာလည်း ရှာဖတ်လို့ရပါတယ်။
Eng Title က Side Character Transmigration : Final Boss is No Joke ပါ။

https://www.blobtranslations.com

_________

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now