၁၂၉ ။ ဆေးမှန်မှန်သောက် (၁၀)

421 37 3
                                    

ဆေးမှန်မှန်သောက် (၁၀)
~~~~~~~~~~~~~~~~

မိန်းကလေး၏ အသွင်အပြင်က သိမ်မွေ့သည်။ သူမ အမူအရာက ကောင်းမနေဘဲ ဒေါသဖြင့် ပြည့်နေတာကတော့ သနားစရာပင်။ သို့သော်ငြား ၎င်းက သူမလှပနေမှေုကို မရပ်တန့်နိုင်။ ရပ်နေရုံနဲ့တင် သူမဆီမှ ဖော်ပြမရနိုသော တော်ဝင်မှုမျိုး ပေးစွမ်းနေ၏။

ဖုချင်းက ပန်းများကို သတိထားသွားတာမြင်တော့ ရှီရှန်းက စကားဆက်မဆိုတော့ဘဲ လူနာခန်းထဲကထွက်လာခဲ့၏။
'ငါလိုးလိုပဲ! ဘယ်တော့မှ ကွင်းဆက်questတွေမလုပ်တော့ဘူး! စောက်ရမ်းပင်ပန်းလွန်းတယ်!'

တံခါးက ချောက်ကနဲပိတ်သွားသည်။ အခန်းမှာ ပြန်တိတ်သွားလေ၏။ ဖုချင်းက နှေးကွေးစွာ စောင်ကို ဘေးဖက် ပစ်ထုတ်ပြီး ထထိုင်လိုက်သည်။ သူက ပန်းစည်းကို သူ့နားဆွဲယူလိုက်ပြီး အချိန်အတော်ကြာ စိုက်ကြည့်နေသည်။

ဦးလေးကျန်း လူနာခန်းထဲ ပြန်ရောက်လာချိန် ပြန့်ကျဲနေတဲ့ နှင်းဆီပန်းများကို မြင်သွားလေ၏။ သူ့သခင်လေးက အိပ်ရာခေါင်းရင်းကိုမှီနေပြီး ခေါင်းငုံ့ကာ ဖုန်းသုံးနေသည်။ သူ့ဘေးတွင် ပြန့်ကျဲနေသည့် နှင်းဆီပွင့်အချို့လည်း ရှိနေသေးသည်။

'ငါ အစားအသောက်လေးပဲ သွားဝယ်တာပါဟ၊ ဘယ်လိုလုပ် လူနာခန်းက ဒီလိုပြောင်းလဲသွားတာလဲ!'

"ပန်းတွေက ဘယ်ကနေရောက်လာတာပါလိမ့်"
သူ သေချာပေါက် သူ့သခင်လေးဆီက အဖြေရမည်မဟုတ်၍ အပြင်က ကိုယ်ရံတော်များကိုသာ မေးရတော့သည်။

"သူတို့တွေကို ပေမိန်းကလေးယူလာတာပါ"
အစောင့်များက အမှန်အတိုင်းပင်ဖြေလိုက်၍ ဦးလေးကျန်းမျက်နှာအမူအရာမှာ ရှုံ့တွသွားသည်။
'သူက နှင်းဆီပန်းတွေပို့တာ ဘာအထာလဲ၊ ငါတို့သခင်လေးကို ကြိုက်နေတာလား၊ ငါဒါကိုခွင့်ပြုလို့ မဖြစ်ဘူး! သခင်လေး အဲကောင်မလေးနဲ့ အတူတူ  တွဲလို့မဖြစ်ဘူး! သူတို့ကလိုက်ဖက်တာလည်းမဟုတ်!'

ဦးလေးကျန်းက ထိုနေ့မှာပဲ ဖုချင်း ဆေးရုံကဆင်းရန် ပြင်ဆင်တော့သည်။ ဒါကြောင့် နောက်ရက်များတွင် ရှီရှန်းတစ်ယောက် quest  သတိပေးသံများနှင့် စိတ်အနှောင့်အယှက်မပေးခံရ၍ အတော်လေး ပျော်နေသည်။ သူမဆေးရုံကဆင်းတော့မှ ဖုချင်းဆေးရုံကနေဆင်းသွားတာကြာပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]On viuen les histories. Descobreix ara