၁၁၆။ ဧကရီအနက်ရောင် (၃၀)

265 59 0
                                    

ဧကရီအနက်ရောင် (၃၀)
~~~~~~~~~~~~~~~~~

အထောက်အထား အားလုံးက အဓိက အကြောင်းအရင်းအဖြစ် ကျင်ဖုန်းတောင်ကိုသာ ညွှန်နေလေသည်။ ထို့အပြင် ကျင်ဖုန်းတောင်၏ သမိုင်းကြောင်းကို ချန်စုန့် စုံစမ်းပြီး ဖြစ်၏။ ဟိုးအရင်ကတည်းက ထိုတောင်ကို ဝယ်ထားသူရှိပေမဲ့ ပိုင်ရှင်၏ အကြောင်းကို မသိရပေ။ သို့ပေမဲ့ ထိုတောင်သည် နိုင်ငံပိုင်မဟုတ်တာ သေချာလေသည်။ ရှီရှန်း သူမ ဖြေရှင်းသင့်သည်များကို ဖြေရှင်းပြီးနောက် သူမ၏ ဇွန်ဘီတပ်ခွဲကို ကျင်ဖုန်းတောင်ဆီ ခေါ်သွားလေသည်။

ကျင်ဖုန်းတောင်သည် ဇာမဏီငှက်ပုံစံရှိတာကြောင့် ကျင်ဖုန်း[1]ဟု ပေးထားရခြင်း ဖြစ်၏။ တောင်အောက်ကနေ ကြည့်သော် တကယ်တူကြောင်း ရှီရှန်း သိလိုက်ရသည်။ သူမ ရှုထောင့်ပေါင်းစုံကနေ ကြည့်နိုင်ရန် ချန်လီကို ရွေ့ပြောင်းအစွမ်းနှင့် ဘေးပတ်ပတ် လည် ကို ပို့ခိုင်းလေသည်။ နောက်ဆုံး၌ ချန်လီ သူမကို ဂူထဲသို့ ပို့လေသည်။ သတိထား၍ ကြည့်လိုက်သည့်အခါ ထိုဂူသည် ချီမင်ရွှယ့်သူမကို ချောင်းမြောင်းတိုက်ခိုက်ပြီးနောက် ချန်လီနှင့် ပထမဆုံးတွေ့ခဲ့သည့် နေရာဖြစ်၏။

"ချန်လီ၊ ဒီဧရိယာက ထူးဆန်းတဲ့ နေရာ တစ်နေရာရာကို သိလား"

ချန်လီက မော့ဝန်နှင့်အတူ ပျောက်ကွယ်သွားပြီး ချန်စူး ပြောပြခဲ့ဖူးသော ကျင်ဖုန်းတောင်၌ ပြန်ပေါ်လာလေသည်။

သူဒီနေရာမှာပဲ တစ်လျှောက် ရှိနေတာ ဖြစ်နိုင် သည်...

ချန်လီက ရှီရှန်း၏လက်ကို စိုက်ကြည့်လျက် သူမကို အပြစ်ကင်းစင်ပြီး အန္တရာယ်ကင်းသော အပြူုံနှင့်ပြုံးပြလေသည်။ အစာကို အော်တောင်းရန်သာ ကျန်တော့သည်။

ရှီရှန်း ဆွံ့အသွားလေသည်။ 'ဒီလိုအရေးကြီးတဲ့ အချိန်မှာတောင် နင်က စားချင်သေးတယ်လား။ ငါက ဘာလို့... ကိစ္စမရှိပါဘူးလေ၊ စားသာစားပါ'

ဗိုက်ပြည့်သွားသော ကလေးကြီး၊ ဇွန်ဘီဘုရင်သည် ရှီရှန်းကို ကျယ်ဝန်းလှသည့် ဧရိယာသို့ ပို့လိုက်သည်။ ထိုနေရာက စွန့်ပစ်ထားသည့်စမ်းသပ်ခန်းနှင့် တူ၏၊ အတွင်း၌ သိပ္ပံဆိုင်ရာ ကိရိယာတို့ အစုံရှိလေသည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now