၅။ ရွှေပေါ်မြတင် (၅)

572 104 3
                                    

ရွှေပေါ်မြတင် (၅)
~~~~~~~~~~~~~

ရှီရှန်း၏ မျက်နှာပေါ်မှာ မျက်ရည်ကြောင်းဟာ အခုထိကို ရှိနေသေးသည်။ သန်မာကြောင်း ပြချင်သောကြောင့် မငိုမိအောင် ကိုက်ထားသည့် နှုတ်ခမ်းရယ်၊ ရဲနေသည့် မျက်လုံးများရယ် ကတော့ မြင်ရသူကို သနားစဖွယ် ဖြစ်သွားစေသည်။

"အန်တီ .. ဒီနှစ်တွေထဲမှာ သမီးကို ကြည့်ရှု့စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အန်တီလည်း အမျိုးသမီးတစ်ယောက် ဖြစ်တဲ့နည်းတူ သမီးကို ကိုယ်ချင်းစာနိုင်မယ် ထင်ပါတယ်"

ထိုစကားက သခင်မနန်ကုန်း၏ ရင်ထဲက ဒဏ်ရာကို တန်းထိသွားသည်။ တကယ်တော့ နန်ကုန်းကျန်းက ရွှီချန်းယွဲ့၏ ဖခင်ကဲ့သို့ တစ်လင် တစ်မယား စနစ် ကျင့်သုံးသည့်သူ မဟုတ်ပေ။ သူ့မှာ အမြှောင်မယား များစွာရှိသည်။ နန်ကုန်းကျန်းက သူတို့ကို ကိုယ်ဝန် မဆောင်ခိုင်းတာရယ်၊ သူမကို မနှောင့်အယှက် မဖြစ်စေတာရယ်များကြောင့်သာ သူတို့ မရှိသလို သူမ နေခဲ့တာဖြစ်သည်။ ခေတ်သစ်ဓနရှင်များ၏ တည်ရှိမှု ပုံစံမျိုး ဖြစ်သည်။

ထိုကဲ့သို့ မိန်းမပျိုလေးက သူမ၏ လမ်းစဉ်ကို လိုက်ရမှာ မြင်ပြီး မစ္စနန်ကုန်း၏ စိတ်နှလုံးက ပျော့ပြောင်းသွားပြီး နားလည်နိုင်လာသည်။ သူမက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း အဆုံးတွင် မပြောနိုင်ခဲ့ပေ။

" သမီး သေချာစဉ်းစားပြီးပြီလား"

သူမအဖေက သူမကို မယုံသေးစွာ ထပ်မေးလေသည်။

ရှီရှန်းက ခေါင်းကို ညိတ်ပြလိုက်ကာ

" သမီး သေချာ စဉ်းစားပြီးပါပြီ"

သူမဟာ နန်ကုန်ကျင်းကို ဝမ်းနည်းစိတ်ပျက်နေသည့် မျက်နှာနှင့် လှည့်ကြည့်လိုက်သည်။ သို့သော် နန်ကုန်းကျင်းက သူမ မျက်လုံးများကို ကြည့်လိုက်သည့်အခါ တည်ငြိမ်မှု တစ်ခုတည်းကိုသာ တွေ့ရသည်။ သူမ မျက်လုံးထောင့်မှ မျက်ရည်စများ တွဲခိုနေသည့်တိုင် သူမ မျက်လုံးက တကယ့်ကို တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်နေသည်။ နန်ကုန်ကျင်းက သူမ၏ ထိုကဲ့သို့ ပုံစံကို မမျှော်လင့်ထားတာကြောင့် သူမ တစ်ခုခုတော့ မှားယွင်းနေသည်ဟု ထင်လိုက်မိသည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Tahanan ng mga kuwento. Tumuklas ngayon