၅၂။ ဇာမဏီ၏ ခွန်းသံသာ (၁)

699 81 0
                                    

ဒီ Arc လေးကို @No_Coz ဆီက တောင်းထားတာပါ။

ဇာမဏီ၏ ခွန်းသံသာ (၁)
~~~~~~~~~~~~~~~~~~

[နောက် Mission တစ်ခုကို ကူးပြောင်းလိုပါသလား။]

[ကူးပြောင်းနေသည်...]

'Fuck! System စုတ် ကိုယ့်သဘောနဲ့ကိုယ် မလုပ်လို့ ရမလား...! ငါလဲ ဒေါသထွက်တတ်တယ်နော်...!'

ရှီရှန်း မျက်လုံးဖွင့်ဖွင့်ချင်းတွေ့လိုက်ရသည်က အဆုံးမဲ့ မီးလျံများ။ ထိုမီးလျံများ အလယ်၌ သူမ ရပ်နေသည်။ အပူဒဏ်ကြောင့် သူမ အသားရေက ပဲ့အက်လာပြီး ခံတွင်းတို့လည်း ခြောက်ကပ်လာသည်။ သူမ ဆံပင်များလည်း မီးသွေးဖြစ်သွားလောက်ပြီ။

သူမ အဝတ်အစားများမှာ အမျိုးအမည်မသိသော အသားတစ်မျိုးဖြင့် ချုပ်လုပ်ထားပြီး မီးမစွဲကူးပေ။ သို့သော် ထိုဝတ်စုံကလည်း သူမအား မီးဒဏ်မှ သိပ်​ မကာကွယ်ပေးနိုင်ပေ။

"Fuck...! ကြည်နူးစရာ မကောင်းလွန်းဘူးလား...!" 'နင် ငါလေးကို မီးရှို့ သတ်မလို့လား...!'

ရှီရှန်း ဘေးဘီဝဲယာသို့ကြည့်ကာ ထွက်ပေါက်ရှာလိုက်သည်။ သို့သော် ပတ်ပတ်လည်တွင် မီးတောက်များသာရှိသည်။ အဆုံးမရှိ မီးပင်လယ်၊ မြင်မြင်သမျှ မီးလျံများသာ၊ အကြိုအကြားအလပ်လည်း မရှိ။ သူမကို ပွက်ပွက်ပူလောင်သော လေထုကသာ လွှမ်းခြုံထားသည်။ သူမ နိုးလာသည့်အချိန်ခဏလေးအတွင်းမှာပင် ခံနိုင်ရည် အထွတ်အထိပ်ရောက်သွားလေပြီ။ သူမအသားတို့ လောင်ကျွမ်းသည့် တကျစ်ကျစ်အသံကိုပင် ကြားနေရသည်ဟု သူမ ထင်လာသည်။

'လခွမ်းတဲ့မှ... ဒါ ဘာနေရာကြီးလဲ...! System နင် ခုချက်ချင်း ထွက်လာခဲ့စမ်း...! ငါ နင်နဲ့ ဆွေးနွေးစရာရှိတယ်...!'

"ဒေါ်လေးငယ်... ဒေါ်လေးငယ်... ထပါဦး...! ဒေါ်လေးငယ် နိုးပါတော့နော်လို့ ..." ဘေးပတ်ပတ်လည်၌ ရုတ်တရက် အသံတစ်သံ ပဲ့တင်ထပ်လာသည်။

'ဒီမှာ တခြားလူ ရှိနေသေးတာလား...'

"ဒေါ်လေးငယ်... ဒါပုံရိပ်ယောင်ပဲ... မြန်မြန်ထပါတော့...!"

ရှီရှန်းရဲ့ စိတ်လည်း ခဏတော့ လစ်ဟာသွားမိသည်။ သူမ၏ သွယ်တန်းသော မျက်ခုံးကလေးများ ရုံးစုသွားသည်။ 'ပုံရိပ်ယောင်...? ဒါက ရွှမ်းဟွမ်[၁]ဝတ္ထုလား... Fuck! ဒါက ရွှမ်းဟွမ်အမျိုးအစားဆိုရင်တောင်... ငါ ရောက်ရောက်ချင်း ပုံရိပ်ယောင်ထဲ ပိတ်မိစရာလား... တစ်ခုခုတော့ တစ်ခုခုပဲ...!'

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now