၁၀၂။ ဧကရီ အနက်​ရောင်​ (၁၆)

277 71 0
                                    

ဧကရီ အနက်​ရောင်​ (၁၆)
~~~~~~~~~~~~~~~~~~~

ရှီရှန်း ရန်​တိုက်​ပေးပြီးသည့်​နောက်​တော့ စကား ဆက်​မဆိုတော့ဘဲ သူတို့ အချင်းချင်း အငြင်းပွားနေစေလိုက်​တော့သည်​။ ယခု ချန်းရှင်း၏ နောက်​လိုက်​များ ချန်းရှင်းကို ကူညီရန်​ နေရာရွှေ့သွားပြီဖြစ်​၍ ရှီရှန်းလည်း လွတ်​သွားလေသည်​။

"Boss အရမ်း မိုက်​တာပဲ..." ချင်းယွီတစ်​ယောက်​ ချက်​ချင်းပင်​ သူမအတွက်​ စိတ်​ကူးထဲမှ 'like' ပေးနေမိတော့သည်​။

"အပြင်​က ဇွန်​ဘီတွေကို တကယ်​ကြီး အစိုးရ ဖန်​တီးထားတာလား၊ ဘုရားရေ... တွေးကြည့်မိတာနဲ့တင်​ သေလို့ရတယ်​နော်​၊ Boss ကျွန်​တော်​ အကြောက်​ပြေသွားအောင်​လို့ စားစရာလေး တစ်​ခုခု ပေးပါလား" ဝတုတ်​လေးက သူ့လက်​ဖောင်းဖောင်းလေးကို ဖြန့်ကာ ပြောလာသည်​။

"ဝတုတ်​၊ နောက်​ဆုံးတစ်​ခွန်းကမှ မင်း တကယ်​ပြောချင်​နေတဲ့ စကား မဟုတ်​လား...!" တစ်​ယောက်​သောသူ၏ အကြံဆိုးကြီးကို မြင်​သော လင်​ဖုန်းက မျက်​နှာမှ မထောက်​ ဝင်​ဟောက်​လေသည်​။ "ဒါပေမဲ့ လူတွေ ဘက်​ကနေ ကြည့်​ရရင်​ တကယ်​ကြီး ယုတ်​မာ ပက်​စက်​တဲ့ ကိစ္စကြီးနော်..." 

ရှီရှန်း ကျောပိုးအိတ်​ကို ဝတုတ်​လေးဆီ ပစ်​ပေးလိုက်​သည်​။ အထဲမှာ ဘာမှ မရှိ။ ကျားဖြူတစ်​ကောင်​သာ ရှိသည်​။

"Boss ကျွန်​တော်​တို့ ဒီအထဲမှာပဲ ပိတ်​မိနေမှာတော့ မဟုတ်​ဘူး... မဟုတ်​လား" လင်​ဖုန်း စ,စိုးရိမ်​မိလာလေပြီ။

"ငါတို့ Boss ဒီမှာ ရှိနေတာပဲ၊ သေချာပေါက်​ အပြင်​ထွက်​နိုင်​မှာပေါ့...!" ချင်းယွီကတော့ မျက်​စိစုံမှိတ်​ကာ ရှီရှန်းကို ကိုးကွယ်​နေဆဲ။ "ဘာမှ မပူနဲ့၊ ဝတုတ်​လေး...!  မင်းတစ်​ယောက်​တည်း လျှောက်​ပူနေရင်​ အရမ်းဖိစီးနေရဦးမယ်​၊ အပြင်​ထွက်​နိုင်​ဖို့ ကိစ္စ Boss တာဝန်​ထားလိုက်...!"

လင်​ဖုန်းလည်း တွေးဆကြည့်​ပြီးနောက်​ သဘောတူ ထောက်​ခံလိုက်​သည်​။ 'Boss မလုပ်​နိုင်​တာ ဘာမှ မရှိပုံပဲ'

သူတို့၏ အစွမ်းပကား ကြီးမှားလှသော ခေါင်းဆောင်​မှာ သူတို့နှင့်​ စတွေ့စဉ်​က ကားတစ်​စီးမှ တစ်​စီးဆီသို့ ဆီ ဘယ်​လိုပြောင်းထည့်​ရမည်​ မသိသော သူ ဖြစ်​ခဲ့သည်​ကို မေ့သွားပုံရသည်​။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now