၄၈။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၈)

339 69 0
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၈)

~~~~~~~~~~~~~~~~~~~~~~~~~

ကျန်းကျန့်ကျန့်သည် မကြာခင် ကျင်းပတော့မည့် ကျန်းဝမ်၏ လက်ထပ်ပွဲအကြောင်း သူမ၏ အတန်းဖော်များထံမှသာ သိခဲ့ရသည်။ သူမ လွန်ခဲ့သော တစ်နှစ်က ကျန်းဝမ်ကို တီဗွီတွင် သတိထားမိခဲ့ပြီးပြီ။ သို့သော်လည်း ထိုအချိန်တုန်းက သူမမှာ အရံဇာတ်ကောင်သာ ဖြစ်သည်။ ကျန်းကျန့်ကျန့်သည် သူမ၏ စက်ဆုပ်ရွံ့ရှာမှုနှင့် အထင်သေးမှုအား ဖော်ပြခဲ့ပြီး ကျန်းဝမ်မှာ မိမိကိုယ်ကို မတန်မရာ မျှော်မှန်းချက်ထားနေသည်ဟု တွေးခဲ့သည်။

'သူသာ နာမည်ကြီးလာရင် ငါ့နာမည်ကို ဇောက်ထိုး ရေးပစ်မယ်'ဟူ၍ပင် ထိုစဉ်တုန်းက သူမ တွေးဖြစ်ခဲ့သေးသည်။

သို့ရာ၌ ကျန်းဝမ်၏ သတင်းများက ပုံမှန်စီးဆင်းလာသည်။ ကျန်းဝမ်မှာ သိသိသာသာ ဟိုးလေးတကျော်ကို နာမည်ကြီးလာပြီ။ အချို့အသိများက သူမကိုတွေ့လျှင် ကျန်းဝမ်အကြောင်း မေးပြီး နာမည်ကြီးသူအား အစ်မတစ်ယောက်အနေဖြင့် ရထားသဖြင့် ကံကောင်းသည်ဟု ပြောကြသည်။

ကျန်းကျန့်ကျန့်ရင်ထဲမှ မနာလိုမှုများ ထိန်းမနိုင် သိမ်မရ ကြီးထွားပေါက်ဖွားလာခဲ့တော့သည်။

'သူမ တကယ်ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့တယ်ပေါ့"

ထိုအပြင် ယခု သူမ အိမ်ထောင်ပြုတော့မည်။ ချမ်းသာကြွယ်ဝသြဇာရှိသည့် လူတစ်ယောက်နှင့် ဖြစ်သည်။ ကျန်းကျန့်ကျန့် မနာလိုဘဲ ဘယ်နေနိုင်ပါတော့မလဲ။

ချမ်းသာသည့် မိသားစုက ယောက်ျားနှင့် လက်ထပ်ရန်မှာ သူမ၏ အိပ်မက်များအနက် တစ်ခုပင်။ သို့သော်လည်း သူမ ဘယ်လို အောင်မြင်အောင် ပြုလုပ်ရမလဲ စူးစမ်းနေတုန်း သူမ အမြဲ အထင်မြင်သေးခဲ့သည့် ကျန်းဝမ်က အရင် စွမ်းဆောင်နိုင်ခဲ့လေသည်။

မနာလိုမှုအများဆုံးဖြစ်ရသည့်အချက်ကတော့ ကျန်းဝမ်မှာ သူမ၏ ကိုယ်ပိုင် အမည်ပေါက် လုပ်ငန်းများ ကုမ္ပဏီများရှိနေသည်ဆိုသော အချက်ကြောင့်ပင်။

'ငါသာ ပိုက်ဆံရှိရင် ချမ်းသာတဲ့ မိသားစုထဲ ဝင်ဖို့လိုသေးလို့လား'

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now