၃၉။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၉)

339 67 1
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၉)

တစ်ရက်တာအတွက် ရိုက်ကူးရေးက ပြီးသွားပြီဖြစ်သောကြောင့် ရိုက်ကူးရေး ဝန်ထမ်းတို့ ညစာ စားနေကြသည်။ ဟိုတယ်တံခါးကနေ ဝင်လာသည့် အမျိုးသားကို မြင်လိုက်သည့်အခါ အမျိုးသမီးငယ်

အချို့ ပင့်သက်မရှိုက်ဘဲ မနေနိုင်ဖြစ်သွားသည်။

ရှရွှမ်းက သူမရှေ့ ကြည်နူးဖွယ် အံ့ဩစရာ ရောက်လာသလို အသံကြား၍ လှည့်ကြည့်လိုက်သည်။

သူကို ကြိုဆိုရန် သူမ မတ်တတ်ရပ်လိုက်သည်။

"အားမော့၊ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"

"ငါ ဒီကို ဆွေးနွေးစရာရှိလို့ရောက်လာတာ၊ ပြီးတော့ မင်း ဒီမှာ ရှိတယ်လို့ ကြားထားလို့ မင်းကို

တစ်ချက် ဝင်လာကြည့်တာ"

ရှီမော့က ရှီးရှန်းကို ငေးကြည့်လျက် အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြန်ဖြေလေသည်။

သူ့မှတ်ဉာဏ်ထဲက သူရဲဘောကြောင်သော၊ ကြောက်တတ်သော ထိုကောင်မလေးက လုံးဝအသွင်

ပြောင်းလဲသွားပုံ ပေါ်သည်။

သူမက ဆန်းပြားသည့် ဝတ်စုံတို့၊ လက်ရာမြောက်သည့် မိတ်ကပ်၊ဈေးကြီးသည့် လက်ဝတ်ရတနာတို့ မဝတ်ဆင်ထားပေ။ သူမ ဝတ်ထားသည်မှာ သာမန် အားကစား ဝတ်စုံပင်။ သို့သော် သူမ အဲနေရာမှာ ဘာမှ မလုပ်ဘဲ ထိုင်နေတာတောင်မှ မြင့်မြတ်သည့် ရောင်ဝါတို့ကို ခံစားရသည်။

သို့ပေမဲ့ ထို မြင့်မြတ်မှု၌ ကျီစယ်မှုတို့လည်း ပါလေသည်...

ရှီရှန်းမှာ ရှီမော့ကို ကြည့်ရသည်ကို မနှစ်သက်သဖြင့် ထထွက်သွားလေသည်။ သို့ပေမဲ့ ထွက်သွားရန် သူတို့နှစ်ယောက်ကို ဖြတ်သွားရမည်။ တစ်မိနစ်လောက် စဉ်းစားပြီးနောက် ရှီရှန်း ပြန်ထိုင်လေသည်။

ရှရွှမ်းနှင့် စကားပြောပြီး ထွက်မသွားခင် ရှီမော့၏ အကြည့်တို့ ခက်ထန်လာသည်။ ရှရွှမ်းက ရှီရှန်း၏ စားပွဲဖက်ကို ပြန်လာပြီး နှိမ်လိုက်သည့် လေသံဖြင့်

"ကျန်းဝမ်၊ ငါ နင့်ကိုအနုပညာလောကကနေ သေချာပေါက် ထွက်သွားရအောင်ကို လုပ်မှာ" ဟု ပြောလေသည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now