Synopsis

2.3K 121 1
                                    

Synopsis

ရှီရှန်းက author ပါ။ အလွန်စိတ်ပုပ်တဲ့ author ပေါ့။ cliffhanger တွေလည်းကြိုက်တယ်။ တချို့ web novel တွေဆို ပြီးအောင်မရေးဘဲ တန်းလန်းထားခဲ့တာတွေလည်း အများကြီးပဲတဲ့။

ဒါ့အပြင် ရှီရှန်းဟာ သူ့အဓိကဇာတ်ကောင်တွေကို သတ်လေ့ရှိပါတယ်။ သူ့ကိုယ်သူ မိထွေးဆန်တဲ့ author လို့ခေါ်ပြီး၊ အဓိကဇာတ်ကောင်တွေအပေါ် သိပ်ကောင်းလွန်းတဲ့ author တွေကိုတော့ သူက မိခင်ရင်း author တွေလို့ ငေါ့ပါတယ်။ ဒါက သူ့အလုပ်အကိုင်နဲ့ အကျင့်ပုပ်ပုံပါ။ ဒီလို ဆိုးလွန်းတဲ့ ရှီရှန်းတစ်ယောက် ဝဋ်လည်/အပြစ်ပေးဆပ်ဖို့ အချိန်ရောက်လာခဲ့ပါတယ်။

အဲ့ဒါကတော့....
မိခင်ရင်း author တွေ ဘက်လိုက်လွန်းလို့ ဘဝပျက်သွားတဲ့ villain တွေ သေဆုံးသွားတဲ့အခါ နာကျည်းမှုတွေကြောင့် အဆိုပါ စာအုပ်ထဲက လောကဟာ ပျက်စီးရတယ်တဲ့...
ရှီရှန်းအလုပ်က သူတို့မသေခင် နာကျည်းစွာ တောင်းခဲ့တဲ့ ဆန္ဒကို သူတို့ကိုယ်စား ဖြည့်ဆည်းပေးဖို့ပါ။

__________

စာရေးသူ - Mo Ling

System: Host, ကောင်းကင်ပေါ်က အဲ့ဒါကြီးက ဘာကြီးလဲ...

Shi Sheng: စကြဝဠာကူး အာကာသယာဉ်

System: ... ဒါက ထွက်ရပ်ပေါက်အောင် ကျင့်တဲ့ ခေတ်ကြီး... ဘယ်က အာကာသယာဉ်ပျံကြီးရောက်လာတာလဲ...!

-

System: Host, လက်ထဲမှာ ဘာကြီးကိုင်ထားတာလဲ...

Shi Sheng: ရွှမ်းယွမ်းဓား

System: ဒါက သိပ္ပံထွန်းကားခေတ်လွန်ကြီး... ဘယ်လိုလုပ် ရှေးခေတ်က နတ်ဓားကြီးရောက်လာတာလဲ... ခဏလေး... Host, ဘာလုပ်မလို့လဲ...!  Σ(°△°|||)︴

Shi Sheng: အဓိက အတွဲကို ဖြတ်မလို့  ヾ(^▽^*)))

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now