၁၅။ ရွှေပေါ်မြတင် (၁၅)

475 85 0
                                    

ရွှေပေါ်မြတင် (၁၅)
~~~~~~~~~~~~~~

နန်ကုန်းကျင်း ထိုကပွဲမှ လူတွေကို သတိပေးပြီးဖြစ်သော်လည်း သတင်းစကားက ပြန့်ဖြစ်အောင် ပြန့်သွားခဲ့လေသည်။ ထိုစဉ်က ပွဲအတွက် သီးသန့်ငှားထားခဲ့သော စားပွဲထိုးများပါရှိနေသောကြောင့် ဘယ်သူက သတင်းကို စဖြန့်ခဲ့သလဲ မစုံစမ်းနိုင်တော့။ စုယိယိ၏ နာမည်က အစတည်းက ဆိုးနေရာ ယခုတော့

လုံးဝ ပျက်စီးသွားခဲ့သည်။

နန်ကုန်းကျင်း သူမကို လာရှာမည်ကို ရှီရှန်း ကြိုတင်မှန်းဆမိသော်လည်း ပြန်ပေးဆွဲမည်ဟုတော့ တကယ်မမျှော်လင့်ထား။

"နန်ကုန်းကျင်း နင် ရူးသွားပြီထင်တယ်"

ရှီရှန်း လူသန်ကြီးနှစ်ယောက်ကြားထဲ စိတ်အေးလက်အေးထိုင်နေပြီး အမူအရာကလည်း တည်ငြိမ်လွန်းလှသည်။ သူမ၏ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်နေပုံက လှောင်ပြောင်နေသယောင်။

သူမ ရှေ့မှာထိုင်နေသည့် နန်ကုန်းကျင်းကတော့ နှစ်အတော်ကြာ အိုစာသွားသည့်ရုပ်နှင့်ဖြစ်နေသည်။ သူ့ရှေ့ကအမျိုးသမီးထံမှ စိုးရိမ်ထိတ်လန့်ခြင်း တစ်စုံတစ်ရာမတွေ့ရ။ တည်ငြိမ်ခြင်းသာရှိသည်။ နန်ကုန်းကျင်း စိတ်ထဲတွင်တော့ အတော်လေးပေါက်ကွဲနေပြီ။ 'ရွှီချန်းယွဲ့ ဒီလိုပုံဖြစ်မနေသင့်ဘူး'

"ငါ မင်းကို ယိယိခံစားရတာရဲ့အဆတစ်ရာ... မဟုတ်သေးဘူး၊ အဆ တစ်ထောင်ပြန်ခံစားစေချင်တယ်"

ထို့နောက် နန်ကုန်းကျင်း အကြည့်လွှဲလိုက်သည်။ သူမ၏ တည်ငြိမ်လှသောမျက်နှာပေးနှင့် သူ့ကို အာရုံမထားသည့် ဟန်ပန်တို့ကို သူ မုန်းသည်။ သူမ မြေပြင်ပေါ်ဒူးထောက်ပြီး ယိယိကို တောင်းပန်စေရမည်။

"အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ"

'သေချင်းဆိုး ငတုံးကောင်...!'

"မင်းက ဒီနောက်ကွယ်ကလူ မဟုတ်ဘူးဆိုတာ ပြောရဲလား"

အအေးခွက်လဲလိုက်တာ ဘယ်သူလဲ သူသိနှင့်ပြီးသွားသော်လည်း ဒီကိစ္စက ရွှီချန်းယွဲ့နှင့် မပတ်သတ်ဘူးဆိုတာကိုတော့ မယုံကြည်ပေ။ 'သူ ကြိုးကိုင်ထားတာပဲနေမှာ၊ သူပဲ ယိယိကို အရမ်းမုန်းနေတာ'

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now