၁၂၃ ။ ဆေးမှန်မှန်သောက် (၄)

240 60 0
                                    

ဆေးမှန်မှန်သောက် (၄)
~~~~~~~~~~~~~

စံအိမ်တစ်ခုလုံး၏ ဝန်ထမ်းများက သူမကိုရှာနေကြစဉ် အရှာဖွေခံလူကတော့ သူမအခန်းထဲ ခိုးကြောင်ခိုးဝှက် ပြန်ဝင်သွားပြီးဖြစ်လေပြီ။

ဤအပြုအမူ၏ ရလဒ်ကတော့ ရှီရှန်း မနက်နိုးလာချိန် ဒေါသရှူးရှူးရှဲရှဲထွက်နေသော ပေကျယ်၏ အော်ဟစ်ခြင်းခံရတော့သည်။ သူမကတော့ လုံးဝကို လျစ်လျူရှုထားလိုက်သည်။ 'နင်တို့ကြောင့်သာမဟုတ်ရင် ငါလေးက အရင်ပြဿနာစရှာမလားဟဲ့"

ပေကျယ်က မျက်နှာထားပုတ်သိုးစွာဖြင့် ထွက်သွားပြီး တံခါးကို ဆောင့်ပိတ်ခဲ့သေးသည်။ ကျိရှောင်ယွီမှာ တံခါးပေါက်ဝတွင်ရပ်နေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတော့သည်။

ပေမိသားစုစံအိမ်က အကယ်ဒမီနှင့် အင်မတန်ဝေးကွာသည်။ သူမကအမြဲ ကျောင်းသွားရန် ပေကျယ့်ကားထဲ ထိုင်လိုက်သွားသော်ငြား အခုသူကအရင်​ထွက်သွားနှင့်​တော့ သူမ မည်သို့ ကျောင်းကိုသွားရမလဲ။

သူမမျက်ဝန်းများက လည်နေပြီး ရှီရှန်းကားတစ်စီးပေါ် တက်သွားတာကိုမြင်ချိန် အလျင်အမြန်ခုန်ဆွခုန်ဆွပြေးလာပြီး နူးညံ့သောလေသံလေးဖြင့်ပြောလာ၏။ "မမလေး၊ ကျွန်မလည်း ကျောင်းသွားမို့၊ တူတူသွားရအောင်...!"

"နေရာနဲ့ မရင်းနှီးသေးတော့ ကျွန်မလိုက်ပြပေးလို့ ရပါတယ်"

"မလိုဘူး" ရှီရှန်းက အရေးမစိုက်ဘဲ ဖြေလိုက်သည်။

"အဲလစ်အကယ်ဒမီက အရမ်းကြီးတယ်လေ၊ ကျွန်မအဲ့ကိုစစရောက်တုန်းကဆို လမ်းပျောက်သွားသေးတယ်၊ မမလေးက အဲကိုမရောက်ဖူးတော့ ဂိုက်လိုမှာပဲ" ကျိရှောင်ယွီသည် အင်မတန်ဖော်ရွေသည့် ပုံစံပြုမူပြီး အရှေ့တံခါးကို လှမ်းဖွင့်လိုက်လေသည်။

'စောက်ကျိုးနည်းကြီးဟ...! ဇာတ်လိုက်မရေ ဘာလို့အဲလောက်ကြီး ရင်းရင်းနှီးနှီးပုံစံကြီးလုပ်ပြနေတာလဲ...! ဒါ ငါတို့တွေတာ ဒုတိယအကြိမ်ပဲရှိသေးတယ် ဟုတ်ပြီလား...! တစ်လောကလုံးက နင်နဲ့သူငယ်ချင်းဖြစ်သင့်တယ်များ တွေးနေတာလား၊ နင်နဲ့ သူငယ်ချင်းမဖြစ်ချင်ပါဘူးနော်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါလေးက နင်တို့ဆက်ဆံရေးကို ဖျက်ဆီးမဲ့ ကောက်ကျစ်တဲ့ လူဆိုးမပဲလေ'

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now