၁၁၉။ ဧကရီ အနက်​ရောင်​ (၃၃)

419 64 2
                                    

ဧကရီ အနက်​ရောင်​ (၃၃)
~~~~~~~~~~~~~~~~~~~

ချီမင်​ရွှယ့်​ ရူးသွားမည်​ဟုတော့ ရှီရှန်း ထင်​မထားခဲ့ပေ။ မူလကတော့ သူမ ချီမင်​ရွှယ့်​ကို မခံချင်​အောင်​ ဆွပေးဦးမလို့ပင်​။ သို့ပေလျက်​ ယခုတော့ ချီမင်​ရွှယ့်​က 'နေ့လည်​စာစားရန်​ အွန်​လိုင်းပေါ်မှ ဆင်း'သွားလေပြီ။
[T/n : ချီမင်​ရွှယ့်​ စိတ်​မမှန်​တော့]

ရှီရှန်းက ချီမင်​ရွှယ့်​ကို အနောက်​ဘက်​ပိုင်းရှိ လူသားတို့၏ စခန်းဆီ ပြန်​ပို့ပေးဖို့ ဇွန်​ဘီတချို့ကို ခိုင်းလိုက်​သည်​။ 'သူ့ရုပ်​ရည်​နဲ့ဆို မညိုမငြင်​လက်​ခံခေါ်ထားကြမှာ သေချာတယ်...'

စုန့်​ရှစ်​တို့ အုပ်​စုကိုတော့ ဇွန်​ဘီနိုင်​ငံတော်​ကြီးကို စီမံခန့်​ခွဲပေးရန်​ အလုပ်​ခွဲဝေပေးထားလိုက်​သည်။

သုံးနှစ်​အတွင်း ဇွန်​ဘီနိုင်​ငံကြီး ကောင်းစွာ ဖြစ်​တည်​ ဖွံ့ဖြိုးလာနိုင်​ခဲ့သည်​။ ဇွန်​ဘီ အနည်းစုသည်​လည်း ၎င်းတို့၏ လူသားဘဝက မှတ်​ဉာဏ်​ပြန်​ရနေကြပြီ။ ဒါပေါ့၊ ထိုမှတ်​ဉာဏ်​ပြန်​ရပြီးသူများအနက်​ ကုနန်​နှင့်​ ချန်​လီ လက်​အောက်​မှာ ဆက်​မနေကြလိုသူများလည်း ရှိသည်​။ ၎င်းတို့က ပုန်​ကန်​အာဏာသိမ်းရန်​ ဇွန်​ဘီများ စုဆောင်းခဲ့ကြလေသည်​။

သို့ပေလျက်​ ၎င်းတို့ ဘာမှ ခြေလှမ်းမစရသေးခင်​မှာပဲ၊ ရှီရှန်းက လူလွှတ်​ကာ ဗုံးကျဲစေလိုက်​သည်​။ ခရမ်းရောင်​ မိုးကြိုးဗုံး၏ အစွမ်းပကားမှာ သူတို့ စိတ်​တောင်​ကူးဖူးသည့်​အရာ ပမာဏမဟုတ်​သောကြောင့်​ ထိုအချိန်​နှောင်းပိုင်းမှစ၍ မည်​သူမျှ မပုန်​ကန်​ရဲကြတော့ပေ။

အနောက်​ဘက်​ပိုင်းမှ လူသားဦးရေ တဖြည်းဖြည်းနှင့်​ နည်းပါးလာသောအခါ လူသားများသည်​ အချင်းချင်း ရန်​စောင်​မနေတော့ဘဲ စည်းလုံးလာကြတော့လေသည်​။ အသက်​ရှင်​သန်​နေထိုင်​နိုင်​ရန်​က အရေးကြီးဆုံး အရာဖြစ်​လာသည့်​အတွက်​ ဦးရေနည်းပါးလှသော အမျိုးသမီးတို့ကို မျိုးပွားရန်​ သားဖွားစက်​သဖွယ်​ အသုံးချလာကြတော့လေသည်​။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now