၂၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၅)

405 71 0
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၅)
~~~~~~~~~~~~~~~~~~~~~~~~

ရှီရှန်းနံပါတ်ကို ခေါ်တော့မှပဲ သူမအတွေးထဲကနေ ပြန်နိုးလာသည်။ သူမ မတ်တတ်ရပ်လိုက်ပြီး အခန်းထဲ ဝင်သွားသည်။ အထဲမှာတော့ လူငါးယောက်က ထိုင်နေသည်။ လူရွေးပွဲထဲက ဒိုင်လူကြီး တစ်ယောက်အနေဖြင့် ဒါရိုက်တာက အလယ်ခုံမှာထိုင်နေသည်။

သူက လေးဆယ်နားကပ်နေသည့်သူဖြစ်ပြီး မျက်နှာထားက မာကြောကြော။ မည်သူနှင့်မျှ လွယ်လွယ်ကူကူ တည့်မည့်ပုံ မပေါ်။

ဒါရိုက်တာနာမည်က စုန့်ဟန်။ ပြီးတော့ ဂျီးများသည်ဟု နာမည်ကြီးသည်။ ကောလာဟလတစ်ခုကတော့ သူ သရုပ်ဆောင်တစ်ယောက်ကို အကြိမ်တစ်ရာထက်ပိုပြီး ပြန်သရုပ်ဆောင်ခိုင်းခဲ့သည်ဟု ဆိုသည်။ ဟုတ်တာပေါ့၊ ဒါက ကောလာဟလသာသာ ဆိုသော်ငြား တကယ်ဟုတ်မဟုတ်ကတော့ မေးခွန်း ထုတ်စရာပင်။

စုန့်ဟန်၏ ကြေးများမှု ရလဒ်ကတော့ သူ သရုပ်ဆောင်တစ်ချို့ကို နာမည်ကြီးအောင် လုပ်ပေးနိုင်ခဲ့သည်။ ဟိုဟိုဒီဒီ လွင့်ပျံ့နေသော ဆိုရိုးတစ်ခုကတော့ မင်းသာ စုန့်ဟန်နဲ့ အလုပ်လုပ်ခွင့်ရခဲ့ရင် မင်း သရုပ်ဆောင်အရည်အချင်းတွေ နေရာတွေက အင်မတန်မြင့်မားလာမှာတဲ့။

"ဆရာတွေ(1)အကုန်လုံးကို နှုတ်ဆက်ပါတယ်၊ ကျွန်မနာမည်က ကျန်းဝမ်ပါ"

ရှီရှန်းအသံက မတိုးမကျယ်။ အားလုံးကြားနိုင်ရုံဆိုသော်ငြား နားမခံသာသည့် အသံလည်း မဟုတ်။ ဒိုင်လူကြီးများက ကျန်းဝမ်၏ အချက်အလက်များကို တစ်ချက်ကြည့်ပြီး တီးတိုး ဆွေးနွေးနေကြသည်။ သူတို့ထဲက တစ်ယောက်က အကောင်းမမြင်သည့်ပုံပင်။

"မင်းသဘောကျသလို သရုပ်ဆောင်ပါ၊ စလို့ရပြီ"

စုန့်ဟန်က မျက်နှာသေဖြင့် စရန် ပြောလိုက်သည်။

ရှီရှန်းက ခေါင်းညိတ်ပြပြီး တခြားလေးယောက်ကို လျစ်လျူရှုထားလိုက်သည်။ သူမ၏ ကာရိုက်တာအပေါ် ခံစားချက်များ ထည့်သွင်းလိုက်သည်။ အရေးကြီးဆုံးအပိုင်း ဖြစ်သည့် ပိုင်ဝမ်၏ စိတ်ထား အမှောင်ခြမ်းသို့ ပြောင်းလဲသွားသည့် အပိုင်းကို သရုပ်ဆောင်ပြလိုက်သည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now