၆၃။ ဇာမဏီ၏ ခွန်းသံသာ (၁၂)

268 67 2
                                    

ဇာမဏီ၏ ခွန်းသံသာ (၁၂)
~~~~~~~~~~~~~~~~~~

ထိုမြူဂိုဏ်းမှ အမြှောက်စာကျွေးသူများက သာဓကအဖြစ် ပြခဲ့သောကြောင့် ပြဿနာရှာရန်လာသူများလည်း လက်လျော့လိုက်ကြတော့သည်။ ရှီရှန်း တည်းနေရာမှ ကီလိုမီတာ အနည်းငယ်အတွင်း သက်ရှိဟူ၍ တစ်ကောင်တစ်မြီးမှ မတွေ့ရတော့ချေ။

ဂိုဏ်းကြီးများအားလုံး စုံညီစွာ ရောက်လာပါက ယှဉ်ပြိုင်ပွဲကြီးကို စတင်မည်ဖြစ်သည်။ ယှဉ်ပြိုင်ပွဲ ပထမနေ့ ယဲ့ချင်းချိုး ဂိုဏ်းသားများနှင့်အတူ ရောက်လာတော့ ဖင်ပူအောင်ပင် မထိုင်ရသေး၊ မြူဂိုဏ်း ပထမအသုတ်မှ တပည့်များရောက်လာပြီး တိုင်ကြောထူကြလေတော့သည်။ "ဂိုဏ်းချုပ်... ရှန်းရှု ကျွန်​တော်တို့ကို ဒဏ်ရာ အပြင်းအထန် ရစေလိုက်တယ်... ပြီးတာကို ပြီးတဲ့အတိုင်း ထားလိုက်လို့ မဖြစ်ဘူး...! ဂိုဏ်းချုပ် ကျွန်​တော်တို့အတွက် ကလဲ့စားချေပေးပါ...!"

"ဟုတ်တယ်... ဂိုဏ်းချုပ်...! သူက ကျွန်​တော်တို့ မြူဂိုဏ်းကို သက်သက် အရှက်ခွဲနေတာ... ဂိုဏ်းချုပ် ကျွန်​တော်တို့အတွက် လက်တုန့်ပြန်ပေးပါ...!"

မတရားမှုအတွက် ခံပြင်းနေကြသော တပည့်ဂိုဏ်းသားများက ယဲ့ချင်းချိုးကို ဆက်တိုက် အပူကပ်နေခဲ့ကြသည်။ အတိုချုပ်ကတော့ "ကလဲ့စားချေပေးပါ"ဟူ၍။

ယဲ့ချင်းချိုးမှာ ဂိုဏ်းချုပ်နေရာကို မကြာသေးခင်ကမှ တာဝန်ယူခဲ့ရခြင်းဖြစ်သည်။ အရင်ဂိုဏ်းချုပ်သေပြီးနောက်ပိုင်း ဦးဆောင်သူနေရာမှာ လစ်လပ်နေခဲ့သည်။ ဂိုဏ်းချုပ်နေရာအတွက် အရည်အချင်းရှိပြီး ယှဉ်ပြိုင်ရယူနိုင်သော ပညာရှင်များလည်း သေသူက သေ၊ ဒဏ်ရာရသူက ရနှင့်၊ ဂိုဏ်းချုပ်နေရာနှင့် မသင့်တော်တော့ပေ။

ဂိုဏ်းများအကြား ယှဉ်ပြိုင်ပွဲကြီးက စတော့မည်ဖြစ်သောကြောင့် သူတို့မှာ ဂိုဏ်းချုပ်မရှိဘဲနဲ့တော့ သွား၍ မဖြစ်။ အသက်ရှင်နေသေးသော တောင်ထွတ်သခင်များက ယဲ့ချင်းချိုးကို ဂိုဏ်းချုပ်တင်မြောက်လိုက်တော့သည်။ ယဲ့ချင်းချိုး မူလကတော့ မလိုချင်ဟန်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင်တေတာ့ ဂိုဏ်းချုပ် တက်လုပ်လေသည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now