၉။ ရွှေပေါ်မြတင် (၉)

468 91 0
                                    

ရွှေပေါ်မြတင် (၉)
~~~~~~~~~~~~~

ရှောင်းဝေ့သည် ရှီရှန်း၏ စကားကို မယုံချင်မိသော်လည်း မိန်းမတို့၏ သဘာဝအတိုင်း သိလိုစိတ်ပြင်းပြမှုနှင့် သံသယတို့၏ သားကောင်အဖြစ် သက်ဆင်းသွားခဲ့ရလေသည်။ အဆုံးသတ်၌ကား သူမ အဆောင်အပြင်၌ စောင့်ဆိုင်းဖြစ်သွားခဲ့သည်။

သူမစောင့်နေသည့်အချိန်နှင့် စုယိယိတစ်ယောက် နန်ကုန်းကျင်းကားပေါ်မှ ဆင်းလာသည်ကလည်း အချိန်ကိုက်ဖြစ်သွားခဲ့သည်။ ဗီလိန်တစ်ယောက်ပီပီ ရှောင်းဝေ့မှာ မိမိသေတွင်း မိမိ မတူးဘဲ မနေနိုင်။ နန်ကုန်းကျင်း ထွက်သွားသည်နှင့် စုယိယိထံသို့ တည့်တည့်မတ်မတ်သွားကာ ပါးချလိုက်လေတော့၏။

"သူ ချမ်းသာတာနဲ့ပဲ သူများတွေကို အနိုင်ကျင့်လို့ရမယ်ထင်နေလား..."

ယခုတော့ ရှနင်းသည်ပင်လျှင် မျက်နှာမှာ ဒေါသပုံဆောင်လာလေပြီ။

ရွှီချန်းယွဲ့မှလွဲ၍ ဤအဆောင်ခန်းမှာ နေထိုင်သူ အဆောင်သူ သုံးဦးမှာ သာမာန်မိသားစု အလယ်အလတ်တန်းစား ကလေးများ ဖြစ်ကြလေသည်။ ရှောင်းဝေ့ကတော့ အနုပညာမေဂျာဘက်မှ နာမည်ကြီး ကျောင်းသူတစ်ဦး ဖြစ်သောကြောင့် သူမ၏ နောက်ခံမိသားစုအခြေအနေကို သူတို့ သိနေသည်မှာ မဆန်း။

သို့သော်လည်း စုယိယိမှာ ယခုအချိန်၌ သူမအတွက် စိတ်ဆိုးဒေါသထွက်ပေးနေသည့် မိန်းကလေးနှစ်ယောက်ကို စိတ်မဝင်စားအားသေး၊ သူမ စိတ်ထဲမှာ၊ 'ဘာလို့ ရွှီချန်းယွဲ့က ဒီကိုရောက်နေရတာလဲ... သူ တကယ်ကြီး အဆောင်မှာလာနေဖို့ စိတ်ကူးနေတာလား၊ သူ ငါ့ကို လက်စားချေဖို့ ကြံစည်နေတာများလား' ဟူသော အတွေးများဖြင့် ပြည့်နှက်နေတော့လေသည်။

စုယိယိ၏အတွေးများ ယောက်ယပ်ခတ်နေချိန်၌ ရှီရှန်းဖုန်းမှ မြည်သံပေးလာသည်။ ချူထန်း၏ အမည်ကို ဖုန်း screen ပေါ်တွင် တွေ့လိုက်ရသည်နှင့် ရှီရှန်းမျက်နှာက ညိုမှောင်သွားရတော့၏။

'ငါ သူ့ကို နေ့တိုင်းစာပို့တာတောင် သူက ပြန်ချင်တဲ့ အချိန်မှပြန်ပို့တာ၊ စာ မပို့တဲ့အခါဆိုလဲ သူ ငါ့အပေါ် အဖက်လုံးဝ မလုပ်တာ၊ ဘာဖြစ်လို့ အခု ဖုန်းဆက်လာတာတုန်း...' ထိုအတွေးကို တွေးမိလျက် ရှီရှန်း ဖုန်းကို ဆယ်စက္ကန့်မျှကြာအောင် ပစ်ထားပြီး နောက်မှ ကိုင်လိုက်လေသည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now