၄၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၀)

340 67 0
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၀)

#နာမည်ကြီး မင်းသမီး ဒဏ်ရာရ၊ ဒါက တမင်ကြံရွယ်တာများလား#

#နတ်သမီး၏ အရှက်ဖွယ် အတိတ်#

#ရှရွှမ်း၏ မဖွယ်မရာပုံများနှင့် ဆေးသုံးခြင်း#

Weibo ၌ အရှာဖွေခံရဆုံး ပိုစ့်တို့အတွက် ရလဒ်တို့က ရှရွှမ်းကို ကြီးစိုးနေသည်။ သူမ

ဒဏ်ရာရပြီးနောက် မတော်တရော်ပုံတို့ ဖော်ထုတ်ခံရသည့် နာမည်ကြီး မင်းသမီး

တစ်လက်ဖြစ်တာကြောင့် သူမကို အာရုံစိုက်နေသည့် လူက နည်းနေပါ့မလား။

ရှရွှမ်း တက်နေသည့် ဆေးရုံကိုလည်း သတင်းထောက်တို့ လုံးဝ ဝန်းရံထားသည်။ တစ်ခါ

တစ်လေ သတင်းထောက်အချို့ ခိုးဝင်သွားနိုင်ပြီး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ဒီလို အရှုံးကြီးရှုံးတာက ရှီရှန်းနှင့် ပတ်သက်သည့် မကောင်းသတင်းတို့ကို အာရုံစိုက်ခံရတာ လျော့သွားစေသည်။

"ဒီတစ်ခါက ကံကောင်းသွားတာနော်။ ဒီပြဿနာကို ဘယ်သူက အစလုပ်လိုက်လဲဆိုတာ မသိပေမဲ့ ဒါသာမဖြစ်ခဲ့ရင် မင်းအခု ဘာတွေကြုံနေရပြီလဲဆိုတာ သိရဲ့လား။ သူမ တမင်တကာ လုပ်မယ်ဆိုတာ သိသိကြီးနဲ့ ဘာလို့ မင်းသူမနဲ့ သွားဖို့ဆုံးဖြတ်လိုက်တာလဲ။ အဲအစီအစဉ်က မင်းတို့နှစ်ယောက်ကို တူတူ သွားစေချင်ရင်တောင် မင်းနည်းနည်း ဝေးဝေးမှာ ရပ်နေလို့မရဘူးလား။ ဒီ အစီအစဉ်က ဝန်ထမ်းတွေကလည်း မင်းတို့ကိုကိုယ်ချင်းဆက် အမြွှာတွေ [1] လိုလည်း အတင်း မလုပ်ခိုင်းပါဘူး"

ထန်းယင် ဖုန်းထဲကနေ ဆက်အော်နေသည်။ သူ 'တည်ငြိမ်မှု'ဆိုတဲ့ အရာကို စွန့်လွှတ်ခဲ့တာ ကြာပြီဖြစ်သည်။ အာ၊ ငယ်ရွယ်မှုဆိုတာ ကုန်သွားသည်နှင့် အဲဒါက အတိတ်သာ ဖြစ်သွားသည်။

ရှီရှန်းခေါင်းထဲ အမဲရောင်လိုင်းတို့ ပေါ်လာသဖြင့် သူမ၏ နှုတ်ခမ်းတို့ တွန့်သွားသည်။

"တစ်ယောက်ယောက်က မင်းအတွက် ဖော်ပေး လိုက်တာ၊ သူတို့ဆီမှာ နည်းလမ်းပေါင်း

တစ်သန်းလောက် ရှိမှာပါပဲ၊ {ငါ ပိုပိုသာသာ ပြောလိုက်တာ...တစ်သောင်းနဲ့ မြှောက်လိုက်

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now