၅၆။ ဇာမဏီ၏ ခွန်းသံသာ (၅)

295 66 0
                                    

ဇာမဏီ၏ ခွန်းသံသာ (၅)
~~~~~~~~~~~~~~~~~~

ရှီရှန်း အတန်ကြာအောင်ပြေးနေမိပြီးမှ သတိရသွားတော့သည်။ ဘုမသိ ဘမသိနှင့်၊ ယဲ့ချင်းချိုး သူမ၏ ဇာတ်လိုက်မင်းသားကို ရှီရှန်းဘက်ဆွဲကာပြေးလာသည်ကို တွေ့သည်နှင့် သူမလည်း ထပြေးမိခြင်းဖြစ်သည်။

'ငါလေးက ဘာလို့ လိုက်ပြေးနေရတာလဲ... အဲ့ဒါကြီးက ငါလေးနောက်ကို လိုက်တာလဲ မဟုတ်ဘဲနဲ့ ...ငါလေးရဲ့ IQ တွေလဲ ဇာတ်လိုက်မနဲ့တွေ့လို့ ကျကုန်တာလား...'

ရှီရှန်း ဘေးမှ တိတ်တိတ်ကလေးပတ်ပြေးတော့မည့်ဆဲဆဲ သူတို့အနောက်မှ သတ္တဝါကောင်ကြီး လိုက်မီလာကာ ပြေးရာလမ်းကြောင်းကို သူ့ကိုယ်လုံးကြီးနှင့် ပိတ်ထားလိုက်တော့သည်။

ရှီရှန်း၊ ". . ." 'နဂါးက ဘာဖြစ်သွားတာလဲ... ဘယ်လိုလုပ်ပြီး မြွေဖြစ်သွားရတာလဲ...'

ဤသတ္တဝါမှ ၁၅ မီတာခန့်ရှည်သော စပါးကြီးမြွေမျိုးဖြစ်ပြီး လူသုံးယောက်ခန့် လုံးပတ်ရှိသည်။ သူက ခေါင်းမော့ကာ သူတို့ဘက်သို့ နဂါးမျက်စောင်းဖြင့် ကြည့်လေတော့သည်။ သူ့အမြီးကို ဘယ်ညာရမ်းသောအခါ ဝန်းကျင်ရှိ သစ်ပင်များ ပြိုလဲကုန်တော့သည်။

ယဲ့ချင်းချိုး စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။ သူမ မြင်ခဲ့ရသည်က နဂါး၊ ယခုမှ အဘယ်ကြောင့် မြွေဖြစ်သွားရသနည်း။

'ဧကန္တ... ငါ ကံအရမ်းကောင်းလို့များလား...'

ဘွန်း...! ဝုန်း...!

ယဲ့ချင်းချိုး၏ အတွေးများကို ထောက်ခံလိုက်သည့်အလား ယခင်က ကြည်လင်ရှင်းလင်းနေခဲ့သော ကောင်းကင်ယံသည် တမုဟုတ်ချင်း တိမ်ညိုတိမ်မည်းများ ဖုံးအုပ်လွှမ်းလာတော့သည်။ တိမ်ညိုမိုးသားအလိပ်လိပ်က ထောင်ချီသော စစ်သည်တို့ သူမတို့ထံ ချဉ်းကပ်လာသည့်အလား။ နားကွဲမတတ်ဟိန်းနေသော မြည်ဟီးသံကြီးကိုလည်း ကြားနေနိုင်သည်။

"Fuck!" ရှီရှန်းတစ်ယောက် ဆဲဆိုကာ ဆန့်ကျင်ဖက်သို့ ပြေးတော့သည်။ 'ဒီလခွမ်းမြွေက ကျင့်ကြံဆင့်တက်ဖို့ မိုးကြိုးပစ်ခံရတော့မှာ...!!! ငါက အခြေတည်အဆင့်ပဲ ရှိသေးတယ်၊ မိုးကြိုးဒဏ်ကို မခံနိုင်ဘူး...! ပြေးမှ...!!!'

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now