၁၀၆။ ဧကရီ အနက်​ရောင်​ (၂၀)

279 65 1
                                    

ဧကရီ အနက်​ရောင်​ (၂၀)
~~~~~~~~~~~~~~~~~~~

တံခါးဖွင့်​ဖို့ ရှီရှန်း အချိန်​ သိပ်​မယူလိုက်​ရ။ ချင်းယွီတို့ သုံးယောက်​ မိမိတို့ ခေါင်းဆောင်​ကို ထိုင်​ရှိခိုးမိမတတ်​ဖြစ်​နေစဉ်​မှာပဲ တံခါးကြီး ပိတ်​စ ပြုလာတော့သည်။ ပိတ်​နေသည့်​ အရှိန်​ကလည်း ပွင့်​သွားတုန်းက အရှိန်​ထက်​ နှစ်​ဆမျှ ပိုမြန်​နေလေသည်​။

"မြန်​မြန်​ ဝင်...!" ရှီရှန်း ချင်းယွီနှင့်​ လင်​ဖုန်းတို့ကို အရင်​တွန်းထည့်​လိုက်​ပြီး ဝတုတ်​လေးကို ဆွဲခေါ်ကာ နောက်​က လိုက်​လာခဲ့တော့သည်​။

စုန့်​ရှစ်​တို့ အဖွဲ့ တံခါးမပိတ်​ခင်​ ပြေးဝင်​ဖို့ ကြိုးစားခဲ့သော်​လည်း အချိန်​မမီခဲ့။ တံခါးက ပိတ်​သွားခဲ့ပြီ။ ဓာတ်​ခွဲ့ခန်း တစ်​ဖက်​ခြမ်းမှာ ရှိနေသူတို့ဆိုလျှင်​ ပို၍ပင်​ လိုက်​ မမီနိုင်​သေး။

"ဒီကုနန်​ တော်​တော်​ တစ်​ကိုယ်​ကောင်းဆန်​တာပဲ၊ သူ့လူတွေကိုပဲ ခေါ်ပြီး ထွက်​ပြေးသွားတယ်​၊ ဟန့်​...! အပြင်​ထွက်​နိုင်​ရုံနဲ့ အသက်​ရှင်​နိုင်​မယ်​ ထင်​နေလား၊ သူ ဇွန်​ဘီဖြစ်​သွားမှာ စောင့်​ကြည့်​နေလိုက်​"

"သူ့မှာ တကယ်​ပဲ အပြင်​ထွက်​ဖို့ နည်းလမ်းရှိတာလား"

"ကျစ်... အဲ့အပေါက်​ကနေ သွားလို့ ဘယ်​ရောက်​သွားမယ်​မှန်းမှ မသိတာ၊ သိပ်​ဝမ်းသာမနေနဲ့ဦး၊ အဲ့ထဲမှာလဲ ဇွန်​ဘီတွေ ရှိချင်​ ရှိနေမှာပေါ့"

ထိုလူများမှာ ကုနန်​ သူမဘာသာ ပြေးသွားပြီး သူတို့ကို ထားခဲ့သည့်​အတွက်​ ဝေဖန်​ပြစ်​တင်​နေကြလေသည်​။ အပြစ်​တင်​လို့ ဝတော့ သူမကို ဆဲဆို ကျိန်းမောင်းကြပြန်​သည်​။

"သူ ပန်းချီကားချပ်​ ထားခဲ့တယ်​နော်​" တစ်​ယောက်​က ကြမ်းပြင်​ပေါ်ကျနေသော ကားချပ်​ကို ကောက်​လိုက်​ရင်း ပြောလာသည်​။ 

ဤရက်​ပိုင်းအတွင်း ကုနန်​မှာ ထိုကားချပ်​ကိုသာ စူးစူးစိုက်​စိုက်​ကြည့်​နေခဲ့ခြင်းဖြစ်​သည်​။ ပထမတော့ တချို့များလည်း စပ်​စုလိုလာသည်​နှင့်​ သွားကြည့်​ခဲ့ကြသေးသည်။ သို့သော်​ ထိုကားချပ်​ထဲမှ graffity ဒီဇိုင်း အရှုပ်​အထွေးကြီးကို ပုံဖော်​ကြည့်​၍ မရနိုင်​ခဲ့ကြ။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now