၇၉။ ဇာမဏီ၏ ခွန်းသံသာ (၂၈)

262 59 0
                                    

ဇာမဏီ၏ ခွန်းသံသာ (၂၈)
~~~~~~~~~~~~~~~~~~~

တစ်ညတာ စိတ်အလိုလိုက်မိမှု၏ ရလဒ်က ရှီရှန်း နောက်တစ်နေ့မနက် အိပ်ရာမထချင်တော့ခြင်းဖြစ်လေသည်။ ဖုန်းစီ ထိုမျှ သက်လုံကောင်းမည်ဟုလည်း ရှီရှန်း ထင်မထားခဲ့။ တစ်ညလုံးနီးပါး သူတို့ ဆက်ခဲ့ကြသည်။ 'ငါလေး တစ်ပိုင်းသေသွားသလားတောင် ထင်ရတယ်​ဟာ...!' 

ရှီရှန်း အိပ်ရာ မထတော့ ဖုန်းစီလည်း မထရဲ။ သူသာ ထသွားလျှင် ရှီရှန်း အအေးဒဏ်ကို ခံနိုင်မည် မဟူတ်ပေ။

"ရှောင်ရှု... ကိုယ် မင်းကို လက်ထပ်မယ်" ဖုန်းစီ ရှီရှန်းလက်ကို ဆုပ်ကိုင်ကာ တည်တံ့စွာ ဆိုလေသည်။

"အင်း..." ရှီရှန်း ရောယောင်ဖြေပြီးတော့မှ ပြန်မေးလေသည်။ "ငါ့ကို လက်ထပ်မှာ...?"

ဖုန်းစီ ခေါင်းညိတ်လိုက်မိပြီးမှ ရှီရှန်း သူ့ကို မမြင်နိုင်သည်ကို သတိရသွားသည့်အလား ထပ်ပြောလိုက်သည်။ "ကိုယ် မင်းကို လက်ထပ်မှာ"

ရှီရှန်း တစ်စုံတစ်ခုပြောလိုဟန်ရှိသော်လည်း သူမ ဘာမှ ပြန်မပြောဖြစ်။ သူမ ဖုန်းစီကို ကြိုက်သလား။ ဒါကတော့ ရှင်းသည်၊ သူမသာ သူ့ကို မကြိုက်လျင် သူနှင့် အိပ်ဖြစ်မည်ပင် မဟုတ်။ သို့သော် သည်ထက်ပို၍တော့. . .

သူမ ဖုန်းစီကို သူမ နှလုံးသားထဲ ဝင်ခွင့်မပြုနိုင်မှန်း၊ ဝင်ခွင့်ပြုလို့ မရမှန်း သူမ သိနားလည်ထားသည်။

တစ်ချက်က၊ သည်လောကကြီးမှာ လက်တွေ့ဆန်သည့် စိတ်ကူးသက်သက်သာဖြစ်ပြီး NPC တစ်ယောက်အပေါ် သူမ ခံစားချက်ထား၍ မဖြစ်ပေ။ ပြီးတော့ သူမ နှလုံးသားထဲမှ အရေးကြီးဆုံးသော နေရာ၌ တစ်စုံတစ်ယောက်ကို နေရာပေးနိုင်စွမ်းလည်း သူမမှာ မရှိ။ သူမ ဘဝက ထိုသို့ ခွင့်မပြု။

ရှေ့လောကနှစ်ခုမှာက၊ ချူထန်ပင်ဖြစ်စေ၊ လုချင်းယွင်ဖြစ်စေ၊ သူမ သူတို့နှစ်ဦးစလုံးနှင့် သက်ဆုံးတိုင် အတူရှိခဲ့သော်လည်း မိတ်ဆွေသူငယ်ချင်းထက် ပိုရုံသာသာမျှပင် ရင်နီးခဲ့သည်။ ချစ်သည် နှစ်သက်သည်တို့ မရှိခဲ့။ ဤသို့ဖြစ်ခဲ့ရခြင်းနောက်ကွယ် အရေးအပါဆုံးအချက်က ရှီရှန်းအပါအဝင် ချူထန်ရော လုချင်းယွင်ပါ အသွင်တူသော လူအမျိုးအစားများဖြစ်သည်။ သွေးအေးတည်ငြိမ်ပြီး စိတ်ပြတ်သား ခံစားချက်မဲ့သော အကျင့်ရှိသူတို့အဖို့ သူတို့အတွက် အားနည်းချက်ဟူသော အရာ ဖြစ်တည်လာခွင့်ပြုမည်မဟုတ်ပေ။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now