၄၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၂)

346 65 0
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၂)
~~~~~~~~~~~~~~~~~~~~~~~~

ရိုက်ကူးရေးတစ်ခုနှင့် တစ်ခုအကြား အားလပ်သည့် အချိန်များ၌ ရှီရှန်းတစ်ယောက် ဘိုးဘိုးလုနှင့် ပိုမို ရင်းနှီးခင်မင်လာစေရန် ကြိုးစားတော့သည်။ အဘိုးလု ပျော်အောင် ထားသည်။ ပရိုဂရမ် အပြီးအစီး ရိုက်ကူးပြီးချိန်မှာတော့ ဘိုးဘိုးလု ပြည်ပသို့ ထွက်ခွာသွားလေပြီ။ မသွားခင်မှာ ရှီရှန်းအား လည်ဆွဲဘယက်တစ်ခု ပေးခဲ့လေသည်။

လည်ဆွဲ၏ တန်ဖိုးမှာ သန်း ၅၀ ဝန်းကျင်ရှိမည်ဟု ရှီရှန်း ခန့်မှန်းမိသည်။ 'သန်းပေါင်းများစွာ တန်တဲ့ လည်ဆွဲကို အဲ့သလို လွယ်လွယ်ကူကူ ရက်ရက်ရောရော ထုတ်ပေးလိုက်တာပဲလား၊ မိုက်လိုက်တာ၊ ငါတော့ ဘိုးဘိုးလု ခြေသလုံးကြီးပဲ ဖက်ထားတော့မယ်...!'

"ဒီလည်ဆွဲ..." ရှီရှန်း လက်ထဲမှ လည်ဆွဲကို တွေ့တော့ လုချင်းယွင်၏ အကြည့်များ အရည်ပျော်သွားတော့လေသည်။ "မပျောက်စေနဲ့နော်"

ရှီရှန်းလည်း လည်ဆွဲကို ကတ္တီပါဘူးထဲ ပြန်ထည့်လိုက်ရင်း အင်မတန် ချိုသာလေသော လေသံဖြင့် ပြန်ပြောလိုက်တော့၏။ "စိုးရိမ်တော် မမူပါနဲ့၊ ဘဲဘဲ - sama... ဘိုးဘိုးလု ယုံကြည်စွာ အပ်နှင်းခဲ့တဲ့ ဘိုးဘေး အမွေအနှစ်ကို ကျွန်တော်မျိုးမ သေသေချာချာ ထိန်းသိမ်းထားပါ့မယ်"

"အဲ့ဒီ လည်ဆွဲက..." လုချင်းယွင် မျက်နှာထားက ထူးဆန်းလို့နေသည်။ သူ့နှုတ်ခမ်းများသည်လည်း ပွင့်ဟလာခဲ့၏။ သို့သော် သူ့အသံက တိုးလွန်းသည်။ ရှီရှန်း ဘာမှ သေချာမကြားလိုက်။

"နင် ဘာပြောလိုက်တာလဲ"

လုချင်းယွင်ကတော့ တောက်ပစွာသာ ပြန်ပြုံးပြ၏။ "ဘာမှ မဟုတ်တော့ဘူး"

ရှီရှန်းလည်း သူ့ကို မသင်္ကာစွာ ကြည့်ကာ ရေရွတ်နေမိတော့သည်။ 'စောက်ရူး...!'

သို့သော် သူမ အမြန်ပြန်ပြုံးပြလိုက်သည်။ "ဒါဆို အခု ငါတို့ ရှော့ပင်ထွက်လို့ရပြီလား"

'အား ငါလေး အရမ်းကို တက်ကြွနေပြီ...! နောက်ဆုံးတော့ ငါလေး လုချင်းယွင် ပိုက်ဆံကို ဖြုန်းနိုင်တော့မယ်...! ငါလေး ဖြုန်းလို့ သူ စည်းစိမ်ပြုတ်သွားတော့မှ သူ့ကို အကြွေးနဲ့ ပြန်ဝယ်သိမ်းပစ်မယ် ဟဟဟဟ'

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Opowieści tętniące życiem. Odkryj je teraz