၎။ ရွှေပေါ်မြတင် (၄)

577 110 0
                                    

ရွှေပေါ်မြတင် (၄)
~~~~~~~~~~~~~

ရွှီချန်းယွဲ့သည် နန်ကုန်းမိသားစု အိမ်တော်၏ အခန်းအပြင်အဆင်နှင့် ရင်းနှီးသည့်အတွက် ရှီရှန်းမှာ

ချူထန်းကို သုံးထပ်ရှိ နန်ကုန်းကျင်းအခန်းထဲသို့ လွယ်လွယ်လေး ဦးဆောင်ခေါ်သွားနိုင်သည်။

"ချန်ယွဲ့ ဟမ် ဘယ်သူ..."

တတိယထပ်မှ ဆင်းလာသော လန်းရွှယ်မှာ ချူထန်းရှိနေတာကို မြင်ပြီး အံ့သြသွားသည်။

'ဒီကောင်လေးက မိုက်လိုက်တာ အမလေးလေး နန်ကုန်းကျင်းထက်တောင် ပိုပြီးမိုက်သေးတယ်၊ ခုနက ပါတီမှာ ငါဘယ်လိုလုပ်မမြင်ခဲ့မိတာပါလိမ့်'

လန်းရွှယ် သူ့ကို ငမ်းနေသည်ကို မြင်သောအခါ ချူထန်းမှာ ကောက်ကျစ်စွာ ပြုံးလိုက်သည်။ ထိုအပြုံးမျိုးမှာ လူတစ်ယောက်ကို ပိုပြီးတောင် စွဲလမ်းသွားစေနိုင်သည်။ ရှီရှန်းမှာ ချူထန်း၏ရှေ့တွင် ရပ်နေပြီး နောက်ကျောပေးထားသောကြောင့် ထိုအပြုံးကို မမြင်လိုက်ရပေ။ အကယ်၍ မြင်ခဲ့လျှင် သူမ "နှာဘူးကောင်"လို့ အော်ပြောမှာ မလွဲပေ။

"ငါနန်ကုန်းကျင်းကို ရှာမတွေ့လို့ လိုက်ရှာနေတာ ပါဦးမလား "

'ဟင်း ဟင်း လိုက်တဲ့သူများလေ မျက်မြင်သက်သေများလေပဲဟာ'

ချူထန်းလို လူချောလေးကြောင့် လန်းရွှယ်မှာ တုံ့ဆိုင်းမှု မရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။

"အမ် ဟိုင်း... ကျွန်..ကျွန်မနာမည်က လန်းရွှယ်ပါ"

အကယ်၍ ရှီရှန်းသာ လန်းရွှယ်၏ ရည်ရွယ်ချက်များကို မသိလျှင် သူမခေါင်းမှာ အဆီပိတ်နေသော ငတုံးမကြီးသာ ဖြစ်သွားလိမ့်မည်။ ရှီရှန်း နောက်ကျောတင်းသွားသည်။

'ငါ့နောက်က လူက နှာဘူးကြီးလင်းရွှယ်ရေ၊ နင်တကယ်ကိုသတ္တိကောင်းတဲ့မိန်းမပဲ'

အကယ်၍ ချူထန်းသာ သူမစိတ်ကို ကြားနိုင်မည်ဆိုလျှင် သူ မတရား ခံရမည်ဟု အော်မိလိမ့်မည်။

'ငါဘာမှမလုပ်မိရသေးပါဘူး၊ ဘာကြောင့် ငါက နှာဘူးကြီး ဖြစ်သွားရတာလဲ'

သူမ အနောက်က လူနှစ်ယောက်လုံးကို လျစ်လျူရှု ထားလိုက်ပြီး နန်ကုန်းကျင်း၏ အခန်းကိုသာ အမြန်သွားလိုက်သည်။ တံခါးရှေ့မှာ သူမ ခဏရပ်နေပြီးနောက် တံခါးမခေါက်ဘဲနှင့် အထဲသို့သာ ဝင်သွားလိုက်သည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Où les histoires vivent. Découvrez maintenant